ပရိသတ်ကြီးကို ဒီတစ်ခါမှာ ဘာမြူဒါ တြိဂံရေပြင်ရဲ့ အောက်မှာ နစ်မြုပ်နေတဲ့ အတ္တလန်တစ် မြို့တော်အကြောင်းကို တင်ဆက်ပေးမှာပါ...။ လေယာဉ်တွေ၊ သင်္ဘောတွေ ပဟေဋ္ဌိ ဆန်ဆန်ပျောက်ဆုံးနေတဲ့ ဘာမြူဒါ တြိဂံကို အားလုံးပဲ ကြားဖူးနားဝရှိကြမှာဖြစ်ပါတယ်...။ ထိုဘာမြူဒါ တြိဂံရဲ့ ရေအောက်မျက်နှာပြင်ဘက်မှာ နစ်မြုပ်နေတဲ့ အတ္တလန်တစ် မြို့တော်ကြီးကို နုကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောကြီးမှ တွေ့ရှိခဲ့ပါတယ်...။

Photo credit Once A Glance Page

ဒီလိုရေအောက်မှာ "Atlantis" အတ္တလန်တစ် မြို့တော်ကြီး နစ်မြုပ်နေတဲ့အကြောင်းကိုတော့ ပလေတို(ဂရိဒသနိကပညာရှင်)က "355 BC" ကတည်းက ပြောထားခဲ့တာပါ....။ သက်သေအထောက်အထားများကိုတော့ နုကလီယား ရေငုတ်သင်္ဘောကြီး ဘာမြူဒါ တြိဂံနား ကျုးဘားနိုင်ငံကို ဝင်ရောက်ရာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်...။

Photo credit Once A Glance Page

သက်သေအထောက်အထားများအရ ရေအောက်မှာနစ်မြုပ်နေတဲ့ "Atlantic" မြိုတော်ကြီးမှာ တွေ့ရှိခဲ့ရတာတွေက အီဂျစ်တို့ ဂါ ဇာတို့ က ပစ်ရမစ်တွေ ထက် အဆပေါင်းများစွာကြီးမားတဲ့ ပစ်ရမစ်တွေကို အလွန်ကြီးမားတဲ့ ကျောက်တုံးတွေနဲ့တည်ဆောက်ထားမှုဖြစ်ပါတယ်...။ လူတစ်ပိုင်းခြင်္သေ့တစ်ပိုင်း အမျိုးသမီးမျက်နှာ နှင့်(sphinxes)များ၊ လှိုင်ဂေါင်းများ အမျိုးအမည်မသိ ဘာသာစကားကို ကျောက်တိုင်တွေ နံရံတွေမှာထွင်းထုထားခြင်း နဲ့ အဆောက်အဦးများကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်...။

source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။