ပရိသတ်ကြီးကို ဒီတစ်ခေါက် ထူးထူးဆန်းဆန်းဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တစ်ကယ့်ကို မယုံနိုင်စရာကောင်းလောက်တဲ့ အဖြစ်အပျက်တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာလတုန်းက lke လို့အမည်ရတဲ့ အလွန်ပြင်းထန်သောသော အင်အားကြီးမုန်းတိုင်းတစ်ခုဟာ အမေရိကန်ကမ်းရိုးတန်းတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ထိုကမ်းရိုးတန်းတစ်ဝိုက်မှာရှိတဲ့ လူနေအိမ်တွေရော ။ သစ်ပင်တွေအကုန်လုံးပါ ရစရာမရှိအောင် စုတ်ပြတ်သပ်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ထိုအရပ်ဒေသမှာနေထိုင်သူတွေကို အံ့အားသင့်သွားစေခဲ့တဲ့ အချက်ကတော့ နှစ်ထပ်အိမ်တစ်လုံးဟာ ထူးထူးဆန်းဆန်း မပျက်စီးပဲ အကောင်းတိုင်း ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။ သူရဲ့ ပတ်ပတ်လည်က အိမ်တွေ ပျက်စီးသွားပေမယ့်လည်း အာ့ဒီအိမ်တစ်လုံးပဲ မပျက်စီးပဲ တည်ရှိနေတာကတော့ အတော်လေးကို ထူးဆန်းတယ်လို့ပြောလို့ရပါတယ်။

နောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ထိုအိမ်ကြီးဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်တုန်းက သရဲအလွန်ခြောက်တယ်လို့နာမည်ကြီးခဲ့တဲ့ အိမ်ကြီးလည်း ဖြစ်ပါတယ်။ ဒီအိမ်ကြီးဟာ အာ့အချိန်တုန်းက ထိုဒေသတစ်ဝိုက်မှာ ညဖက်ဆို ဘယ်သူမှမသွားရဲတဲ့ အိမ်လို့လည်း နာမည်ကြီးပြီး ဒီဘက်ခေတ်ရောက်လာမှသာ ဒီအိမ်ကြီးနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ တဖြည်းဖြည်းနဲ့ အသံတိတ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအိမ်ကြီးနဲ့ ပတ်သတ်ပြီး မုန်တိုင်းထဲမှာ ဘာလို့မပျက်စီးပဲကျန်နေခဲ့လဲဆိုတာကတော့ ယနေ့အချိန်အထိ ဘယ်သူမှ ရေရေရာရာ မပြောနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ထင်ကျန်ရစ်နေဆဲပါပဲ ပရိသတ်ကြီးရေ...

Photo Source : Pngtree

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။