ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာ လူသားဆန်စွာနဲ့ သူများအကျိုးကို သယ်ပိုးထမ်းရွက်ပေးနေတဲ့ လူတွေထဲက ထူးထူးဆန်းဆန်းလူးတစ်ယောက်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ သူ့ရဲ့ နာမည်ကတော့ ချမ်းစီ ဆိုသူဖြစ်ပြီး တရုတ်နိုင်ငံမှာ နေထိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချမ်းစီရဲ့ လေးစားအားကျစရာကောင်းလှတဲ့ အချက်ကတော့ သူဟာ ရန်ဇီမြစ်ပေါ်မှာတည်ဆောက်ထားတဲ့ နန်ဂျင်း တံတားပေါ်မှာ မိမိကိုယ်ကိုသတ်သေမယ့်သူတွေကို စောင့်ဖမ်းပြီး မလုပ်သင့်တာတွေ မလုပ်မိအောင် ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree

နန်စီတံတားဟာ သမိုင်းကြောင်းအစဉ်အလာအရ နန်ဂျင်းတံတားဟာ မိမိကိုယ်ကို သတ်သေမှုနှုန်းအလွန်များတဲ့ တံတားတစ်ခု ဖြစ်ယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းကို သိထားတတဲ့ ချမ်းစီဟာ နောက်ပိုင်းမှာတော့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် တံတားမှာနေ့တိုင်း ထိုင်စောင့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင် ကယ်တင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ အကျိုးရှိတယ်လို့တောင် ဆိုရမလိုဖြစ်ပြီး ယနေ့အချိန်အထိ လူအယောက်ပေါင်း ၁၅၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Source : Pngtree

ချမ်းစီရဲ့ လုပ်ရပ်ဟာ နောက်ပိုင်းမှာ နာမည်ကြီးလာခဲ့ပြီး လူမှုကွန်ယက်အပြင် အနီးအနားက လူတွေရဲ့ ချီးကျူးမှုကိုပါခံခဲ့ရပါတယ်။ သူဟာ နိုင်ငံအတွက် ပြည်သူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာတင် မဟုတ်ပဲ လူသားအချင်းချင်း ရိုင်းပင်းကူညီဖေးမတတ်အောင် သင်ကြားပေးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ပရသတ်ကြီးလည်း အခုလိုမျိုး လူအချင်းချင်း ရိုင်းပင်းကူညီနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်..

Photo Source : Pngtree

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။