ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ရယ်လည်းရယ်ရသလို တစ်ကယ်လည်း ရှိခဲ့တဲ့ ဗဟုသုတအကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ ယနေ့အချိန်အထိ လုံးဝငြိမ်းချမ်းမှုမရှိသေးပဲ စစ်ပွဲတွေဖြစ်ပွားလျက်ရှိနေပါသေးတယ်။ ဒီလို စစ်ပွဲတွေ ဖြစ်နေတာကြောင့် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်မက်ရေးရာမှာ အပြိုင်ဖြစ်လာပြီး လက်နက်တွေလည်း သူ့ထက်ငါ တီထွင်လာခဲ့ကြပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

အခုဖော်ပြပေးမှာကတော့ အမေရိကန်နိုင်ငံကထုတ်လုပ်လိုက်တဲ့ ထူထူးဆန်းဆန်း Bomb တစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီBomb ရဲ့ နာမည်ကတော့ တော်တော်လေးကို ထူးဆန်းတယ်ဗျ...Gay Bomb လို့နာမည်ပေးထားတဲ့ ထို Bombဟာ ဓါတ်ငွေ့Bomb အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အစွမ်းကတော့ ကျဲချလိုက်တဲ့ အနီးနားတစ်ဝိုက်က ရန်သူတွေဟာ စိတ်ကစဉ့်ကလျား ဖြစ်သွားပြီး ကျားျကျားယားယား စစ်သားအဖြစ်ကနေ တစ်ယောက်နဲ့ တစ်ယောက်စိတ်ကစားတဲ့ အနေအထားကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ဒါ့အပြင် ဒီBombရဲ့ ရေရှည်အကျိုးဆက်ကတော့ Bombဒဏ်ခံလိုက်ရတဲ့ စစ်သားတွေဟာလည်း နောက်ပိုင်းမှာ ပုံမှန်ကျားကျားယားယားစိတ်မဖြစ်တော့ပဲ နူးနူးညံ့ညံ့ နွဲ့သွားမှာပဲ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ကတော့ ဒီBombကို တရားဝင်အသုံးပြုခဲ့လားဆိုတာ မသိခဲ့ရပေမယ့်လည်း တစ်ကယ်လို့ ဒီ Bombကိုသာ အသုံးပြုလိုက်မယ်ဆိုရင် စစ်မြေပြင်က စစ်သားတွေအဖို့တော့ တစ်ခါမှ စိတ်ကူးမိမှာမဟုတ်တော့ ဘဝမျိုးကို ပိုင်ဆိုင်သွားသလိုမျိုး ဖြစ်သွားစေမှာ အသေအချာပါပဲ။ ပရိသတ်ကြီးရော ဒီလို Bomb သာပေါ်ခဲ့ရင် စစ်ပွဲတွေ ချုပ်ငြိမ်းသွားမှာလားဆိုတာ ထင်မြင်ချက်လေးတွေ ပေးခဲ့ပါနော်...

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။