အဆိုတော် ချမ်းချမ်းကတော့ တစ်မူထူးခြားပြီးသာယာချိုမြတဲ့ အသံပါဝါလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ''တကယ်ဆိုရင် အချစ်ပဲလိုတယ် '' သီချင်းလေးနဲ့ လူကြိုက်များအောင်မြင်လာခဲ့တဲ့ ချမ်းချမ်းက ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရတာလည်း ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတဲ့ ချမ်းချမ်းက အမာခံပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားပါတယ်။

Photo Credit -Chan Chan's FB
Photo Credit -Chan Chan's FB

ချမ်းချမ်းက ချစ်စရာကောင်းတဲ့သမီးလေးနဲ့အတူ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ အခုလည်း ချမ်းချမ်းက သန်လျင်မှာဆောက်ထားတဲ့ အိမ်အသစ်လေးက ပြီးသွားပြီဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။ ဒီအိမ်အသစ်လေးမှာတော့ ချမ်းချမ်းက သမီးလေးအတွက် ရေကူးကန်လေးပါထည့်ပြီး ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit -Chan Nyein's FB
Photo Credit -Chan Nyein's FB
Photo Credit -Chan Nyein's FB

ချမ်းချမ်းက ''သန်လျင်ကအိမ်လေး အခုမှပြင်လို့ပြီးတယ်..အိမ်ကိုသန့်ရှင်းရေးမလုပ်နိုင်သေးဘူး..ဒါပေမဲ့ပျော်တယ်.အပင်ပန်းခံပြီး..ဆောက်ထားတဲ့ အိမ်လေးပြီးသွားလို့ပျော်တယ်...သမီးလေးအတွက်ရေကူးကန်လေးလဲပီးသွားလို့ပိုပျော်တယ်...အိမ်ပတ်ပတ်လည် ဝရံတာလေးတေထည့်ထားတော့စိတ်ချမ်းသာတယ်...'' ဆိုပြီး ပုံလေးတွေတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေချင်စရာကောင်းတဲ့ ချမ်းချမ်းအိမ်လေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Chan Nyein's FB

Photo Credit -Chan Nyein's FB
Photo Credit -Chan Nyein's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။