“မွေးရာပါမျက်နှာပေါ်ကအမှတ်အတွက် ဘယ်တော့မှ ရှက်စိတ်မဖြစ်မိပါဘူး” Mariana Mendes

သာမန်မိန်းကလေးအလှမျက်နှာနဲ့ကွဲပြားပေမယ့် ဂုဏ်ယူနေမိသူကတော့ Mariana Mendes

ပါ။သူ့မျက်နှာကတော့ တစ်ခြားမိန်းကလေးတွေနဲ့လုံးဝမတူပါဘူး။ ဘာလို့လဲဆိုတော့က သူ့မျက်နှာပေါ်မှာ မွေးရာပါအမှတ်ပါဝင်နေလို့ပါ။

Mariana Mendes ကမျက်နှာနဲ့ပတ်သက်ပြီးတော့ သူ့အမေက “သမီး…ဒီမျက်နှာအမှတ်အသားနဲ့ပတ်သက်ပြီးတော့ လှောင်ရယ်ခံရမယ်၊အနိုင်ကျင့်ခံ ရမယ်” လို့ခြိမ်းခြောက်ပြောဆိုမှုကြောင့် အသက် ၅နှစ်အရွယ်မှာလေဆာကုထုံးနည်းနဲ့ မျက်နှာပြုပြင်ကုထုံးနည်းခံယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မျက်နှာအမာရွတ်နဲ့ပတ်သက်ပြီး မတူညီကွဲပြားခြားနားတဲ့ မိန်းကလေးအဖြစ် မော်ဒယ်လုပ်ဖို့ကမ်းလှမ်းလာမှုတွေရှိတဲ့နောက်မှာတော့ အခုဆိုရင် Mariana Mendes က အောင်မြင်နေတဲ့ ဓာတ်ပုံမော်ဒယ်ကောင်းတစ်ယောက်ဖြစ်နေပါပြီ။

“ကျွန်မ မျက်နှာပေါ်က မွေးရာပါ အမှတ်အတွက် ကျွန်မကိုယ်ကို ကျွန်မဂုဏ်ယူမိပါတယ်”လို့

Mariana Mendes ကဆိုပါတယ်။

Source: dailymail

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။