ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ယွန်းယွန်းဟာဆိုရင် ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကိုရရှိခဲ့ပြီး အခုချိန်မှာဆိုရင်တော့ အသက်၂၀ကျော်ရွယ် ရောက်ရှိနေပြီဖြစ်လို့ အရင်ကထက်လည်း အများကြီး ပိုပိုလှလာကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

ယွန်းယွန်းက ပညာရေးတစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေပြီး ကြော်ငြာတွေအများအပြားကိုလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ယွန်းယွန်းရဲ့အလှအပတွေကလည်း မြင်သူတကာငေးမောရလောက်အောင် အရမ်းလှတာဖြစ်ပြီး ဆံနွယ်အရှည်ကြီးကလည်း သူမရဲ့အလှအပတွေကို ပိုပြီးပံ့ပိုးပေးပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace

ယွန်းယွန်းကတော့ မိဘစကားကိုလည်း နားထောင်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့သမီးလိမ္မာလေးဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်ပြီး သဘောမနောကောင်းတဲ့ ယွန်းယွန်းက အခုဆိုရင်တော့ ရေကျော်ပွဲဈေးတန်းမှာ ညတာဝန်ကျနေတဲ့ စည်ပင်သန့်ရှင်းရေးသမားတွေကို မုန့်တွေဝေပေးပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Yoon Yoon's IG

Photo Credit:Yoon Yoon's Facebook
Photo Credit:Yoon Yoon's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။