ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေအပြင် အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ နန်းဆုလေးကတော့ နုပျိုကျော့ရှာတဲ့အလှတရားတွေနဲ့ ချစ်စရာကောင်းလွန်းနေသလို ချစ်စရာကောင်းတဲ့ တူလေးနှစ်ယောက်ကလည်း သူမရဲ့ အသည်းကျော်လေးတွေပါပဲ..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

နန်းဆုလေးကတော့ သီတင်းကျွတ်လေးမှာ မိဘတွေကို ရိုသေလေးစားသမှုလေးနဲ့ ဂါဝရပြုကန်တော့ခဲ့ပြီး အမွှာတူလေးနှစ်ယောက်က သူမကို ပြန်တော့လို့ ကြည်နူးနေပါတယ်နော်..။

မိဘတွေကို လက်ဆောင်ခြင်းလေးနဲ့ ဂါဝရပြုကန်တော့ခဲ့တာဖြစ်ပြီး တူလေးနှစ်ယောက်က ချောကလက်ဗူးလေးနဲ့ ကန်တော့တာကို ပီတိလေးတွေနဲ့အတူ ကြည်နူးကာ မုန့်ဖိုးတွေပေးရင်း ပျော်နေတာပါနော်..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

ချစ်စရာကောင်းတဲ့ နန်းဆုလေးကတော့ သီတင်းကျွတ်လေးမှာ မိသားစုလေးနဲ့အတူ ကြည်နူးပျော်ရွှင်နေပြီး မီးပန်းလေးတွေဖောက်ကာ အေးချမ်းစွာနဲ့ သီတင်းကျွတ်လေးကို ဖြတ်သန်းနေတာပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော် နန်းဆုလေးရဲ့ သီတင်းကျွတ်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေကြမှာပါနော်..။

Photo Credit - Nansu Yati Soe's Facebook
Photo Credit - Nansu Yati Soe's Facebook

Photo Credit - Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။