တွေ့ရခဲတဲ့ရှားရှားပါးပါး မင်္ဂလာဖိတ်စာ လေးပါ။

“သမ္မတကြီးတို့ မင်္ဂလာဆောင်တုန်းက ဖိတ်စာတဲ့ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ” လို့ပြန်လည်မျှဝေသူတစ်ဦးက ရေးသားထားပါတယ်။

သမ္မတကြီး ဦးထင်ကျော်ကိုယ်ရေးအကျဉ်း

======================

ကွန်းခြံကုန်းမြို့သား 1990 NLD ရွေးကောက်ခံကိုယ်စားလှယ် ဂန္တဝင်စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားဖြစ်သည်။

၁၉၄၆ ဇူလိုင် ၂၀ တွင် မွေးဖွားသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် အားကိုးရဆုံးသူ ဖြစ်သည်။

ဒီချုပ်အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားကိုးရဆုံးနှင့် စိတ်ချရဆုံး လူနည်းစုတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက်တနှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း(ဒဂုံ ၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး မဟာစီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် ကွန်ပြူတာဌာန၏ ပထမဦးဆုံး နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံသို့

သွားရောက် ပညာဆည်းပူးခဲ့သည်။

၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသို့ ဝင်ရောက်ခဲ့သည်။

ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်းအမည်ဖြစ် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။

NLD နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။ 

Source: Facebook

Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။