ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခိုင်သင်းကြည်ဟာဆိုရင် အနုပညာလောကထဲကိုတစ်ခေတ်တစ်ခါတည်းက ဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေကတော့ မခိုင်လေးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သွက်လက်ပွင့်လင်းလွန်းတဲ့ သူမရဲ့ စိတ်ထားလေးကို ချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

မခိုင်‌လေးကတော့ သမီးလေးတစ်ယောက်ရယ် ချစ်ပွန်းရယ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ရတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး မိသားစုသုံးယောက်လုံးက ချစ်ချစ်ခင်ခင်နဲ့ အရမ်းစည်းလုံးကြပါတယ်နော်။သမီးချောလေးထိပ်ထိပ်ကတော့ ဆယ်ကျော်သက်အရွယ်လေးဖြစ်ပြီး မေမေ့လိုပဲ အနုပညာကို ဝါသနာပါတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

ထိပ်ထိပ်လေးက အနုပညာကိုဝါသနာပါတာကြောင့် ပညာရေးတစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ စံထိပ်ထားဦးလေး စာမေးပွဲဖြေတာကို ခိုင်သင်းကြည်တို့ဇနီးမောင်နှံနှစ်ယောက်က လိုက်စောင့်ပေးတဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khine Thin Kyi's Facebook
Photo Credit:Khine Thin Kyi's Facebook

Photo Credit:Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။