ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ဖြူဖြူထွေးကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ နေရာတစ်နေရာရရှိ အောင်မြင်နေသလို မိဘတွေနဲ့ လူကြီးသူမတွေကို သိတတ်ရိုသေပြီး မကြာခဏလှူဒါန်းမှုလေးတွေနဲ့ ဂါဝရပြုတတ်တဲ့ စိတ်ထားလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

အခုသီတင်းကျွတ်လေးမှာလည်း ဖြူဖြူထွေးတစ်ယောက် ရွာကို ပြန်ရင်း မိဘတွေကို ကန်တော့ပြီး ရွာမှာရှိတဲ့ သက်ကြီးရွယ်အို ဖိုးဖွားတွေကိုလည်း လိုက်ကန်တော့ရင်းပျော်နေသလို ကလေးတွေက သူမကိုကန်တော့တာလေးကိုလည်း ကြည်နူးနေပါတယ်နော်..။

သက်ကြီးဖိုးဖွားတွေအတွက် မုန့်တွေနဲ့အတူ ဂါဝရပြုကန်တော့ခဲ့သလို တတ်နိုင်တာလေးတွေနဲ့ သူမကို ပြန်တော့တဲ့ ကလေးတွေကိုလည်း မုန့်ဖိုးတွေ ပေးကာ ကြည်နူးရင်း ပျော်နေတာပါနော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

ငါးထောင်တန်နဲ့ တစ်ထောင်တန် အထပ်ကိုင်ပြီး မုန့်ဖိုးတွေပေးသလို ဆုတွေလည်း တသီကြီး ပေးနေတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုတော့ မြင်သူတိုင်းက ်ချစ်ပိုနေကြမှာပါနော်..။

ကလေးတွေ မုန့်ဖိုးရအောင် ကန်တော့ခံတာဖြစ်ပေမယ့် ရှက်နေတဲ့ သူမရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Phyu Phyu Htwe's Facebook

Photo Credit - Phyu Phyu Htwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။