Beauty Blogger အဖြစ် ပရိသတ်တွေရဲ့စတင်အားပေးမှုရရှိခဲ့တဲ့ နေခြည်ဦးက အခုဆိုရင် သရုပ်ဆောင် မင်းသမီးအဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးက ''ရန်သူ၊ ဧည့်သည်၊ ပုရိသ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခဲ့သလို '' အခမ်းနားဆုံးမေတ္တာ '' ဆိုတဲ့ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography

ထက်မြက်သွက်လက်ပြီး အလုပ်ကြိုးစားတဲ့ နေခြည်ဦးက အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာပဲ ဖြစ်ပါတယ်။ အခုတော့ နေခြည်ဦးက ကိုရီးယားနိုင်ငံက ပြန်ရောက်ရောက်ချင်းမှာ ပွဲအခမ်းအနားလေးတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ မနေ့က ကျင်းပပြုလုပ်တဲ့ပွဲလေးမှာ နေခြည်ဦးက တင်မိုးလွင်၊ မိတ်ကပ်မထက်၊ ခါရာတို့နဲ့အတူ ဒိုင်အဖြစ်ပါဝင်ရွေးချယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography

အခုလည်း နေခြည်ဦးက '' Dutch Mill Myanmar Shining Star 2019'' ပွဲက ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ ဒီပွဲလေးမှာတော့ နေခြည်ဦးတစ်ယောက် လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အထာကျကျ လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော နေခြည်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Beauty By Nay Chi FB Page

Photo Credit - LiJohn Li Photography

Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography
Photo Credit - LiJohn Li Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။