ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားပြီး အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးကတော့ အကယ်ဒမီဇနီးမောင်နှံတွေဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ပဲ ဖြစ်ပါတယ်နော်..။

ဇနီးမောက်နှံနှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေအပြင် သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ အသည်းကျော်စုံတွဲလေးပါပဲ..။

Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ သမီးလေး ပြေသုဒြာလေးအတွက် မိသားစုတွေစုံစုံညီညီနဲ့ မွေးနေ့ Surprise လေး ပြုလုပ်ခဲ့ပါတယ်နော်..။

ငွေဆောင်ကမ်းခြေကို မိသားစုလိုက် အပန်းဖြေရောက်ရှိနေကြတာဖြစ်ပြီး သမီးလေးပြေသုဒြာကို မွေးနေ့ကိတ်လေးနဲ့အတူ Surprise လေး ပြုလုပ်ကာ မိသားစုတွေ ပျော်နေကြပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook

အားကျလောက်အောင် ကြည်နူးစရာကောင်းသလို ချစ်စရာလည်းကောင်းလွန်းကြတဲ့ ဦးတီနဲ့ အူဝဲတို့ မိသားစုလေးရဲ့ ပျော်ရွှင်စရာဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

ဒီကနေ့လေးမှာတော့ သမီးလေး ပြေသုဒြာကို Birthday Surprise လေးပြုလုပ်ပေးရင်း ဓာတ်ဖမ်းကာ ပျော်နေကြတဲ့ ဗီဒိယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin's Facebook
Photo Credit - Eaindra Kyaw Zin's Facebook

Photo Credit - Eaindra Kyaw Zin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။