ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးအဖြစ် ရပ်တည်နေသလို သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ချစ်သူဖြစ်တဲ့ အဆိုတော်ချောလေး သားဂန်းနဲ့အတူ ကြည်နူးအားကျစရာကောင်းလောက်အောင် ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့လည်း ချစ်ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားတတ်ကြသူတွေဆိုလည်း မမှားပါဘူးနော်။

Photo Credit: Baby Maung Facebook
Photo Credit: Baby Maung Facebook

ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။သူမဟာအမြဲ အလန်းစားဖက်ရှင်တွေကို ဝတ်ဆင်တက်သူဖြစ်ပြီး လတ်တလောမှာတော့ မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှနေတဲ့ ပုံလေးတွေကိုလူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတာလည်းဖြစ်ပါတယ်။

Photo Credit: Baby Maung Facebook
Photo Credit: Baby Maung Facebook

ကိုယ်ခန္ဓာ အမိုက်စားလေး ပိုင်ဆိုင်ထားတာကြောင့် ဘယ်ဝတ်စုံနဲ့ မဆို လိုက်ဖက်ကာ စမတ်ကျကျလေး လှနေတာလေးကလည်း သူမရဲ့ လှပမှုလျှို့ဝှက်ချက်လေးပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ဘေဘီမောင်ရဲ့ မြန်မာဆန်ဆန် ဖက်ရှင် ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit: Baby Maung Facebook
Photo Credit: Baby Maung Facebook

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။