ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှ ‌အသက် ၂၂ အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ မြန်မာယူ-၂၂ အသင်းသည် အုပ်စု (က) တွင် အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော ယူ-၂၂ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit: :MFF ' s facebook
photo credit: :MFF ' s facebook

အုပ်စုခွဲဝေမှုနှင့်ပတ်သက်၍ မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က "အုပ်စုခွဲဝေမှုက အရေးကြီးဆုံး မဟုတ်ပါဘူး။ကျွန်တော်တို့ ကောင်းကောင်းပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘဲ အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။လုံလောက်တဲ့ ပြင်ဆင်မှုမျိုး ရှိမထားဘူးဆိုရင်တော့ ဘယ်အသင်းကိုမဆို အရေးနိမ့်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဘယ်သူနဲ့ ကစားရမယ်ဆိုတာထက် အကောင်းဆုံး နည်းလမ်းတွေနဲ့ လေ့ကျင့်ပြင်ဆင်ဖို့ကိုပဲ ကျွန်တော် ပိုပြီးအာရုံစိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုခွဲဝေမှု ဆိုတာက အခုမှ စမှတ်သာရှိသေးတယ်လို့ ပြောချင်တာပါ။ပြိုင်ဘက်တိုင်းကို လေးစားတယ် ဆိုပေမယ့်လည်း ဘယ်သူ့ကိုမှတော့ ကြောက်နေမှာ မဟုတ်ဘဲ အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါပေမဲ့ တစ်ဆင့်ချင်း သွားရမှာ ဖြစ်တဲ့အတွက် အုပ်စုအဖွင့်ပွဲဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ အနိုင်ရဖို့အတွက် ပစ်မှတ်ထားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ နောက်လမှာ ပြင်းပြင်းထန် ကြိုးစားမယ်၊ ကွင်းထဲမှာပဲ စကားပြောမယ်။ မီဒီယာတွေထက်မှာ အပြောတွေကိုလျှော့ပြီး အလုပ်ကိုပဲ အာရုံစူးစိုက် ပြင်ဆင်သွားမှာပါ" ဟု ပြောသည်။

photo credit: :MFF ' s facebook
photo credit: :MFF ' s facebook

မြန်မာယူ-၂၂ အသင်း အနေဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိကာ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားပြီး ကာတာနိုင်ငံသို့သွားရောက်ကာ လေ့ကျင့်ခြေစမ်းပွဲ သုံးပွဲ ကစားမည်ဖြစ်ပါတယ်။ကာတာနိုင်ငံတွင် လေ့ကျင့်နေစဉ်အတွင် နီပေါယူ-၂၃ အသင်း ကာတာကလပ် AL Owaina အသင်းကာဂျစ္စတန်ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းရန် စီစဉ်ထားပါတယ်။ကာတာနိုင်ငံမှ ပြန်လာပြီးနောက် ဆီးဂိမ်းစ်ပြိုင်ပွဲသို့ မသွားမီ နိုဝင်ဘာလအတွင်း အခြားအုပ်စုမှ အာဆီယံပြိုင်ဘက်များနှင့် ခြေစမ်းရန် စီစဉ်ဆောင်ရွက်လျက်ရှိနေရာ နိုဝင်ဘာ ၁၇ တွင် ဗီယက်နမ်ယူ-၂၂ အသင်းနှင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ မြက်ခင်းတုကွင်း၌ ခြေစမ်းရန် နှစ်နိုင်ငံအဖွဲ့ချုပ်နှစ်ခုကြား သဘောတူညီမှုရထားပြီးဖြစ်ပါတယ်။

source:MFF ' s facebook 

photo credit: :MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။