မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲလေးကတစ်ဆင့် ပရိသတ်ရင်ထဲ ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဝင့်ယမုံနိုင်ကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးဇာတ်လမ်းတွဲ မင်းသမီးလေးလို့ ဆိုရလောက်အောင် တီဗီဇာတ်လမ်းတွဲတွေနဲ့ အနုပညာလောကကို အခြေချခဲ့သူ ဖြစ်သလို ချစ်စရာကောင်းတဲ့ ဟန်ပန်အမူရာလေးတွေကြောင့်လည်း ပရိသတွေရဲ့ အချစ်ကို အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

ချစ်စရာကောင်းတဲ့ သူမက လက်ရှိမှာ မင်းသမီးတစ်ဦးအဖြစ် ရပ်တည်ကာ ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့်လဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတော်တော်များများမှာ ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း ပြောစရာမရှိအောင် အမိုက်စားဝတ်ဆင်တက်သူလေးလည်းဖြစ်ပါတယ်။

Photo Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

လတ်တလောမှာတော့ ပခုက္ကူ ရွှေတန့်တစ်သရက္ခန်ဘုရား ဖူးမျှော်ပူဇော်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝင့်ယမုံနိုင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

Source:Wint Yamone Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။