သမီးလေး ဧရာဝတီလူမင်းနဲ့ သားငယ်လေး ဧဝရတ်လူမင်းတို့မောင်နှမနှစ်ယောက်ကတော့ ဝါရင့်ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး လူမင်းရဲ့ကလေးတွေပဲ ဖြစ်ကြပါတယ်။ လူမင်းရဲ့သားနဲ့ သမီးနှစ်ယောက်လုံးက ပညာရေးမှာလည်း ထူးချွန်ထက်မြက်ကြသလို လူကြီးမိဘတွေအပေါ်မှာလည်း တကယ့်ကို ယဉ်ကျေးလိမ္မာတဲ့ ကလေးတွေဖြစ်ကြပါတယ်။

Photo Credit-AyarWaddy Lu Min's Fb
Photo Credit-AyarWaddy Lu Min's Fb
Photo Credit-AyarWaddy Lu Min's Fb

ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက ဧရာဝတီလူမင်းတို့မောင်နှမနှစ်ယောက်ကို ဝိုင်းဝန်းချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း လူမင်းရဲ့သားနဲ့သမီးက သီတင်းကျွတ်ပိတ်ရက်လေးမှာ ဖေဖေ၊မေမေတို့နဲ့အတူ ဘိုးဘိုးဘွားဘွားတွေကို အတူတူကန်တော့ခဲ့ကြပါတယ်။ လူကြီးသူမတွေကို လေးစားသိတတ်တဲ့ ဧရာဝတီလူမင်းတို့မောင်နှမကတော့ အရမ်းချစ်ဖို့ကောင်းနေကြတာ ဖြစ်ပါတယ်။

Photo Credit-AyarWaddy Lu Min's Fb
Photo Credit-AyarWaddy Lu Min's Fb
Photo Credit-AyarWaddy Lu Min's Fb

အခုလည်း လူမင်းက ဘိုးဘိုးဘွားဘွားတွေကို ကန်တော့ရင်း ပျော်ရွှင်နေတဲ့ သားနဲ့သမီးရဲ့ပုံလေးတွေကို မျှဝေထားပါတယ်။ လူမင်းတို့မိသားစုလေးကတော့ ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘိုးဘိုးဘွားဘွားတွေကို ကန်တော့နေတဲ့ ဧရာဝတီလူမင်းတို့မောင်နှမရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-AyarWaddy Lu Min's Fb

Photo Credit-AyarWaddy Lu Min's Fb
Photo Credit-AyarWaddy Lu Min's Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။