သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ဇာတ်ရုပ်မရွေး ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများလာတဲ့ သူမကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။

Photo Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကြောင့်လဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတော်တော်များများမှာ ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာအမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားစွာ ဆက်ဆံတက်တဲ့အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ အားပေးလျက်ရှိတာဖြစ်ပါတယ်။

Photo Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

ယခုမှာတော့ သူမတစ်ယောက်စိတ်၏ခြေရာဇာတ်လမ်းတွဲရိုက်တုန်းက လိုလေသေးမရှိ အစအဆုံးဂရုစိုက်ပေးခဲ့တဲ့ အန်တီကို နှုတ်ဆက်ရင်း သီတင်းကျွတ်ဂါရဝပြုခဲ့ပါတယ်။သူမကတော့ " ချောက်မြို့မှာ စိတ်၏ခြေရာဇာတ်လမ်းတွဲရိုက်တုန်းက တစ်လျှောက်လုံး ကိုယ့်အပေါ်လိုလေသေးမရှိ အစအဆုံးဂရုစိုက်ပေးခဲ့တဲ့ အန်တီ .... အညာရောက်တော့ ဝင်နှုတ်ဆက်ရင်း သီတင်းကျွတ်ဂါရဝပြုခဲ့တယ် ..... ပျော်လိုက်တာ

စိတ်၏ခြေရာရိုက်တုန်းက လူတွေအကုန်ပြန်လွမ်းသွားတယ် .... "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

source:Wint Yamone Naing 's facebook

lPhoto Credit : Wint Yamone Naing Facebook
Photo Credit : Wint Yamone Naing Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။