မန္တလေးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အထက်မြန်မာပြည် MPT University Football Tournament 2019 ဇုန်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် မုံရွာဇုန်အသင်း နှစ်ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပြီး မကွေးဇုန်အသင်းနှင့် လက်ရှိချန်ပီယံ မန္တလေးဇုန်အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့တယ်။

photo credit :MNL 's facebook
photo credit :MNL 's facebook

ယနေ့ မန္တလောသီရိကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် မုံရွာဇုန်အသင်းက နေပြည်တော်ဇုန်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မကွေးဇုန်အသင်းနှင့် မန္တလေးဇုန်အသင်းတို့ ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

photo credit :MNL 's facebook
photo credit :MNL 's facebook

ယင်းပွဲစဉ်တွင် မကွေးအသင်းက ခြေအသာဖြင့် ပွဲကို ဦးဆောင်ကစားခဲ့သော်လည်း မန္တလေးအသင်း၏ နောက်ကျချေပဂိုးကြောင့် သရတစ်မှတ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အုပ်စု(ခ)တွင် မုံရွာဇုန်အသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ရမှတ် ခြောက်မှတ်ရရှိကာ အုပ်စုပထမနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

source:MNL 's facebook 

photo credit :MNL 's facebook
photo credit :MNL 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။