ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။အုပ်စုမဲခွဲပွဲကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ Pasay city တွင် ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (က) တွင် အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

photo credit :MFF's facebook
photo credit :MFF's facebook

အုပ်စု(ခ)တွင်ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။အုပ်စုခွဲဝေမှုနှင့်ပတ်သက်၍ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက "အုပ်စုအနေအထားကကျေနပ်စရာပါ။ ဖိလစ်ပိုင်နဲ့အရင်ကစားရမယ်အဲဒီပွဲက အုပ်စုဗိုလ် / ဒုတိယလုရမှာပါပဲ။ မလေးရှားနဲ့ကစားပြီး ဆီမီးဖိုင်နယ်မကန်ခင် ၅ရက် ပြင်ဆင်ချိန်ရတာ တော်တော်ကောင်းပါတယ်။ ဗိုလ်လုပွဲတက်ဖို့ ကြိုးစားသွားပါမယ်"ဟု ပြောထားခဲ့ပါတယ်။

photo credit :MFF's facebook
photo credit :MFF's facebook

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့် စက်တင်ဘာ ၁၆ရက်မှ စတင်ပြီး စခန်းသွင်း လေ့ကျင့်လျက်ရှိကာ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲများ ကစားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်ကာ လေ့ကျင့်ခြေစမ်းရန်စီစဉ်လျက်ရှိပါတယ်။

source:MFF's facebook

photo credit :MFF's facebook
photo credit :MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။