ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ မွေးရာပါချို့ ယွင်းချက်ကြောင့် ထူးခြားတဲ့ပုံစံတွေ အဖြစ်မွေးဖွားလာတဲ့ ကလေးလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီကလေးလေးတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာ မွေးဖွားလာကတည်းက သန္ဒေသားချို့ယွင်းချက်ကြောင့် ထူးဆန်းတဲ့ ပုံပန်းတွေ ဖြစ်လာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ Polymelia လို့ခေါ်တဲ့ မွေးကတည်းက ခြေလက်အင်္ဂါအပိုတွေနဲ့ မွေးဖွားလာတဲ့ ကလေးလေး အကြောင်း ဖော်ပြပေးချင်ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ဒီကလေးလေးတွေဟာ မွေးရာပါ ချွတ်ယွင်းမှုကြောင့် ခြေလက်အင်္ဂါများသည် ပုံမှန်ရှိရမည့် အရေအတွက်ထက်များပြားနေသည့် ကလေးများကို တွေ့ရှိနိုင်ပါတယ်။ လူသားများအပါအဝင် ကုန်းနေသတ္တဝါ အများစုဟာ လက်တစ်ဖက်၊ခြေတစ်ဖက်စီတွင် လက်ချောင်းခြေချောင်း ငါးချောင်းသို့မဟုတ် ခြောက်ချောင်းပါ လေ့ရှိကြပြီး အပိုပါရှိသည့် လက်ချောင်းခြေချောင်းများသည် ကျုံ့နေပြီး ပုံပျက်နေတတ်ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ဒါ့ကြောင့် အခုလို ထူးဆန်းတဲ့ ကလေးလေးတွေရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ အခုလို ရောဂါကိုခံစားနေရတဲ့ ကလေးလေးတွေလည်း အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ အသက်ရှင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်. ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို စုစည်းဖော်ပြပေးအုန်းမှာမို့လို့ အားပေးဖတ်ရှုပါအုန်းနော်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။