ပရိသတ်ကြီးကို ဒီတစ်ခါမှာဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ယနေ့အချိန်အထိ သမိုင်းမှာ အဖြေမရှာနိုင်သေးတဲ့ Easter ကျွန်းပေါ်က ရုပ်တုကြီးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီရုပ်တုကြီးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က ဆောက်လုပ်ခဲ့ကြတယ်လို့ သိရပီး ဒီရုပ်တုကြီး တွေကို မွိုင်ရုပ်တုတွေလို့ အမည်ပေးခဲ့ကြပါတယ်။ အစောပိုင်းမှာတော့ ပညာ၇ှင်တွေဟာ ဒီရုပ်တုတွေကို ဘာကြောင့် တည်ဆောက်ခဲ့ရလဲဆိုတာ ထက် ဘယ်လို တည်ဆောက်ခဲ့လဲဆိုတာကိုတောင် အဖြေမရှာနိုင်ခဲ့ပါဘူး။

Photo Credit : Pngtree
Photo Credit : Pngtree

နောက်ပိုင်းသမိုင်းအထောက်အထားတွေ နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါမှသာ ထိုခေတ်ထိုအခါက လူရိုသေရှင်ရိုသေ ဖြစ်ခဲ့ ကြသည့် သူတို့လူမျိုးခေါင်းဆောင်များ၏အရုပ်ကြီးများသာဖြစ်ပြီး။ ဤအရုပ်ကြီးများဖြစ်ဖို့ သစ်ပင်တွေ ကို ခုတ်လှဲပြီး ဒလိမ့်တုံးတွေပြုလုပ်ကာ နေရာ ရွေ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒီလောက်ကြီးမားတဲ့ အရုပ်ကြီးတွေကို ဆောက်ဖို့ ဘယ်လို နည်းပညာနဲ့ အသုံးဒပြုသလဲဆိုတာကတော့ အခုအချိန်အထိ ဘယ်သူမှ ရေရေရာရာ ပြောပြနိုင်ခြင်းမရှိသေးပါဘူး.။

Photo Credit : Pngtree
Photo Credit : Pngtree

ထိုမွိုင်ရုပ်တုကြီးကို တည်ဆောက်ခဲ့တဲ့ လူမျိုးစုတွေဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်လောက်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားကြပြီဖြစ်ပြီး မျိုးတုန်းခဲ့ရတဲ့ အကြောင်းအရင်းကတော့ သစ်ပင်များမျိုးတုန်း ကုန်သောကြောင့် ရာသီဥတုဖောက်ပြန်ကာ လူမျိုးစုတစ်ခုလုံး ပျောက်ကွယ်သွားရတာပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ Easter ကျွန်းပေါ်က မွိုင်ရုပ်တုကြီးတွေဟာ ကမ္ဘာ့ ထိပ်တန်း အမွေအနှစ်စာရင်းထဲမှာပါဝင်ပြီး လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတဲ့ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။