ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အလိုအလျောက်ငွေထုတ်စက် "ATM" အကြောင်းပဲဖြစ်ပါတယ်...။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ငွေကြေးသုံးစွဲမှု စနစ်တစ်ခုခုကို မကျင့်သုံးသော နိုင်ငံဟူ၍မရှိပါဖူး...။ ငွေကြေးသုံးစွဲမှုတွင် စက္ကူပိုက်ဆံများ မပေါ်ပေါက်မီ ဦးစွာ ပေါ်ထွန်းခဲ့သော ငွေကြေးသည် ဒင်္ဂါးပြားများ ဖြစ်ပါတယ်...။ သမိုင်းတစ်လျောက်တွင် ထိုဒင်္ဂါးများကို ရွှေ၊ ငွေ၊ ကြေးစသော တန်ဖိုးကြီးသည့် သတ္တုများ အပြင် ခဲ၊သံစသည့် တန်ဖိုးနိမ့် သတ္တု ပစ္စည်းများဖြင့်ပါ ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်...။ တိုးတက်လာတဲ့ အချိန်မှာတော့ အလိုအလျောက်ငွေထုတ်စက် "ATM" များကိုပါ ထုတ်လုပ်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်...။

photo credit pngtree

ယနေ့ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာ သုံးစွဲနေကြသော အလိုအလျောက်ငွေထုတ်စက် (ATM) များကို ဂျွန် ရှက်ဟတ်ဒ် ဘာရွန် ဆိုသူက တီထွင်ခဲ့တာဖြစ်ပါတယ်...။ ပထမတီထွင်ထားသော အလိုအလျောက်ငွေထုတ်စက်ကို ဘာရွန်က ဗြိတိသျှ ဘာကလေဘဏ်သို့ ပြသခဲ့ရာ ဘဏ်က ချက်ချင်းလက်ခံခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ပထဦးဆုံး ATM ပုံစံကို ပြုလုပ်ကာ လန်ဒန်မြို့တွင် တပ်ဆင်ခဲ့ပါတယ်...။

photo credit pngtree

ဘာရွန်၏ ငွေထုတ် စက်သည် လူတစ်ဦးချင်း၏ ပင်နံပါတ်((personal identification number) ကို အသုံးပြုကာ ငွေထုတ်နိုင်ရန်စီစဉ်ဆောင်ရွက် ထားခဲ့ပါတယ်...။ နောက်ပိုင်းတွင် ဘာရွန်က ရေဒီယို သတ္တိကြွ ကာဗွန် ၁၄ အနည်းငယ် အသုံးပြုကာ ငွေ ထုတ်ယူမှုအား စိစစ် သည့် စံနစ်ကို ကျင့်သုံးရန် တောင်းဆိုခဲ့ပါတယ်...။ ထိုစဉ်က ယခုအချိန်ကဲ့သို့ သံလိုက် သင်္ကေတ စံနစ် ငွေထုတ်ကဒ်များကို မသုံး စွဲနိုင်ခဲ့သေးပါဘူးနော်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။