ပရိသတ်တွေလဲ Lapu-Lapu ရဲ့ Special Skin ကို Free ရခဲ့ဖူးကြမယ်ထင်ပါတယ်။ အဲ့လိုရခဲ့တာကြောင့်လဲ ပရိသတ်ကြီးအနေနဲ့ စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။ သူကို လူတွေကိုင်တာသိပ်မတွေ့ရပေမဲ့ တကယ်ဆို ယနေ့တိုင် ကိုင်လို့ကောင်းတဲ့ Hero တစ်ယောက်ပဲဖြစ်ပါတယ်။ Fighter Assassin ဆိုပေမဲ့လဲ Tank တစ်ကောင်လို ရှေ့ကနေ မာမာမတ်မတ်ရပ်တည်ခုတ်နိုင်ပါတယ်။ သူရဲ့ Skill တွေနဲ့ Passive ကြောင့် သေခါနီးတောင်မှ ကိုယ့်ကိုပြန်သတ်သွားနိုင်တာမို့ သူရဲ့ Free Special Skin ရတာ တကယ်ကိုတန်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

Skill 1ကတော့ သူရဲ့ ဓားနှစ်ချောင်းကို အရှေ့ကို ပစ်လိုက်တာဖြစ်ကာ Damage ထိစေပြီး တူညီတဲ့ရန်သူကိုထိပါက Bravery Blessing ၁ခုပဲရပါတယ်။ Skill 2ကတော့ သူရဲ့ဓားနှစ်ချောင်းကိုလှည့်ပြီး ရှေ့ကိုသွားကာ Damage ထိစပြေီး Hero ထိပါက ရွှေ့လျားနှုန်းမြန်စေပါမယ်။ Ultimate ကတော့ သူရဲ့ဓားနှစ်ချောင်းကိုပေါင်းပြီး မြေကြီးကိုထုချကာ ထိမိတဲ့ရန်သူက ဝ.၈စက္ကန့်လောက်Stun သွားမှာဖြစ်ပြီး physical နဲ့ magical defense ၃၀တိုးသွားမှာဖြစ်ပြီး ၈စက္ကန့်ကြာပါမယ်။ ဓားနှစ်ချောင်းပေါင်းထားတဲ့အချိန်ကတော့ ၁၅စက္ကန့်ကြာမှာဖြစ်ပါတယ်။ ဓားအကြီးစားဖြစ်တဲ့ချိန်မှာ Skill အသစ်တွေကိုထပ်ရပါမယ်။ 

Photo Credit: Screenshot from Mobile Legends Game

Skill 1ကတော့ ဓားကြီးကို ဘီးပုံစံလွင့်လိုက်တာဖြစ်ပြီး ထိမိသူကနှေးလဲနှေးကာ Damage လဲတော်တော်များများထိပါမယ်။ Skill 2 ကတော့ ဓားကြီးကိုလှည့်ပြီးအရှေ့ကိုသွားတာဖြစ်ပါတယ်။ Ulti ကတော့ ဓားကြီးကိုလှည့်လိုက်တာပဲဖြစ်ပါတယ်။ Passive ကတော့ အောက်ကအဝါတုံး ပြည့်သွားတဲ့ခါကျ အပိုDamage ထိစေမှာဖြစ်ပြီး Damage တွေကိုလဲ Level အလိုက်ခံနိုင်ရည်ရှိသွားမှာဖြစ်ပါတယ်။ Battle ဆိုင်မယ်ဆိုရင်တော့ အရင်ဆုံး Skill 2 ပြေးဝင်ပြီး Ulti သုံးကာ ရန်သူတွေကို Stun စေပြီး Skill 1 သုံးပြီး Ulti ကို ထပ်သုံးပစ်ပါ။ Battle မှ မဟုတ်ပါဘူး....ရန်သူတွေနဲ့ ရင်ဆိုင်ရတိုင်း အခုလို ဒဲဒဲဆိုင်နိုင်ပါတယ်။ အင်မတန်းမှ မာပြီး Damage လဲမထင်ရင်မထင်သလို ထွက်တာမို့ ကိုင်လို့ကောင်းပါသေးတယ်။ Emblem ကိုတောင် Global 1 ရဲ့ Item တွေကိုဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit: Screenshot from Mobile Legends Game

သတင်းအရင်းမြစ် LordHtun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။