မြန်မာနိုင်ငံကအသက်အငယ်ဆုံးဆိုင်ကယ်အလှပြစီးသူ လို့ဆိုရမယ့် အသက်၆နှစ်အရွယ်ကလေးငယ်ပါ။ ထူးခြားချက်နောက်တစ်ချက်ကတော့ အဆိုပါကလေးဟာ

မိန်းကလေးပါ။မြန်မာနိုင်ငံက အသက်အငယ်ဆုံး ဆိုင်ကယ်အလှပြစီးသူ မရွှေမှူးသာဟာ ၅၀ စီစီ အင်ဂျင်တပ် ၄ ဘီးဆိုင်ကယ်နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ဆိုင်ကယ်ပွဲတော်မှာ အလှပြစီးနင်းခဲ့ ပါတယ်။မရွှေမှူးသာဟာ အသက် ၆နှစ်အရွယ်ရှိပြီး လာမည့်နှစ် ပထမတန်း တက်ရောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကို ၃ ယောက်ဟာလည်း ဆိုင်ကယ်သမားတွေဖြစ်တာကြောင့် ဆိုင်ကယ်စီး ဝါသနာပါလာပြီး ခုလို အလှပြစီးနင်းခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ဝဏ္ဏဆွေ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။