ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ကမ္ဘာကျော် ဘာလင်တံတိုင်းအကြောင်းပဲဖြစ်ပါတယ်...။ လူသားတို့သည် မိမိတို့ပိုင်နက် နယ်မြေများကို နယ်နိမိတ်များသတ်မှတ်ရန်၊ ရန်သူများမဝင်ရောက်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး မြို့ရိုးများ၊ တံတိုင်းများကို ကမ္ဘာအနှံ့တွင် ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ တံတိုင်းများကို မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ကြသည်ဖြစ်စေ ယခုအခါတွင် ကမ္ဘာနေရာဒေသ အသီးသီးတွင်ရှိနေသည့် တံတိုင်းများသည် လှပသော လက်ရာရှုခင်းများအဖြစ် ရပ်တည်လျက်ရှိကြပါတယ်...။

photo credit pngtree

ကမ္ဘာကျော် ဘာလင်တံတိုင်းကို ၁၉၆၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်...။ ထိုစဉ်က နှစ်ပိုင်းကွဲနေသော ဂျာမနီ နိုင်ငံတွင် အရှေ့ဂျာမနီက ဆိုဗီယက် မဟာမိတ်ဖြစ်ပြီး အနောက်ဂျာမနီက အမေရိကန် မဟာ မိတ်နိုင်ငံဖြစ်ခဲ့ပါတယ်...။ ထိုစဉ် ကအရှေ့ ဂျာမနီနိုင်ငံသားများသည် အနောက်ဂျာမနီဘက်သို့ ထွက်ပြေးမှုများ တစ်စထက် တစ်စ များပြားလာသဖြင့် ထို ထွက် ပြေးမှုများကို ဟန့် တားနိုင်ရန် အရှေ့ဂျာမနီက ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့ပါတယ်...။

photo credit pngtree

သို့သော် လည်း စစ်အေးကာလပြီးဆုံးချိန် ၁၉၈၉ ခုနှစ် တွင် ဘာလင်တံတိုင်းကြီးကို ဖြိုချပြီး ဂျာမနီ နှစ်နိုင်ငံပေါင်းစည်းခဲ့ပါတယ်...။ ဂျာမနီနှစ်နိုင်ငံ မပေါင်းစည်းမီ ဘာလင်တံတိုင်းကို ကျော်ဖြတ်ရန် ကြိုးပမ်းကြသူများ အနက် သေဆုံး ကြရ သူများ မှာ အရေအတွက် တစ်ရာနှင့် နှစ်ရာအကြား ရှိပါတယ်...။ ယခုအချိန်တွင် ဘာလင်တံတိုင်းကို ဖြိုချခဲ့ပြီး ဖြစ်သောကြောင့် တံတိုင်းအစိတ်အပိုင်းများကိုသာ တွေ့ရှိနိုင်ကြပါတယ်...။ ယခင်က ပရားရှား ပါလီမန် အဖြစ်အသုံးပြုခဲ့သည့် ယခု ဂျာမနီ နိုင်ငံ လွှတ်တော်ရုံး၏ အရှေ့တွင် ဘာလင်တံတိုင်းကြီး ရှိခဲ့ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။