အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ ဝေလငါးတွေ ပင်လယ်ထဲမှာ ကူးခတ်နေရင်း ထူးဆန်းစွာ အိပ်ပျော်သွားတတ်တဲ့အကြောင်းပဲဖြစ်ပါတယ်...။ ထိုအကြောင်းကို သိပြီးသားသူအချို့ရှိကြပေမယ့် မသိသေးတဲ့ ပရိသတ်ကြီးအတွက် ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးလိုက်တာပါ...။

Photo Credit Once A Glance Page

ရေနေသတ္တဝါတွေရဲ့ ထူးဆန်းတဲ့ အပြုအမူ တစ်ချို့ကလည်း ကျွန်တော်တို့ လူသားတွေကို စဉ်းစားရကြပ်စေပြီး အံသြ ရပါတယ်...။ ဝေလငါးတို့၊ လင်းပိုင်တို့ဟာ တစ်ရက်မှာ ဦးနှောက်တစ်ခြမ်းကိုအနားပေးပြီး ဦးနှောက်တစ်ခြမ်းဖြင့် လှုပ်ရှား သွားလာကြပါတယ်...။ ထိုအကြောင်းကိုတော့ လူတော်တော်များများ သိလောက်ပြီးပြီဖြစ်မှာပါ...။ အကယ်၍သာ လူတွေလို တစ်ရက်မှာ ၆ နာရီလောက်သာ မလှုပ်မရှားဘဲ အိပ်စက်မည်ဆိုပါက ရွေ့လျားနေတဲ့ ပင်လယ် ရေစီးကြောင်းတွေထဲမှာ မျောပါပြီး ပင်လယ် ကြမ်းခင်း ထိနစ်မြုပ်သွားနိုင်သလို၊ အစာရှာဖွေ စားသောက်ဖို့ နေရာကို ထပ်မံရှာဖွေကြရဦးမှာဖြစ်ပါတယ်...။

Photo Credit Once A Glance Page

ဒါပေမဲ့ ဝေလငါးတွေဟာ အစာရှာဖွေစားသောက် နေစဉ် သို့မဟုတ် ကူးခတ်သွားလာနေစဉ်မှာဘဲ ရုတ်တရက်ဆိုသလို တစ်ရက်မှာ 10 မိနစ် ကနေ 15 မိနှစ် အထိ အိပ်ပျော် သွားတက်ကြတာကိုတော့ မကြာသေးမှီ ကမှ ကျွန်တော်တို့တွေ သိရှိခဲ့တာပါ...။ ဒါပေမဲ့ ဤကဲ့သို ဒေါင်လိုက် ကြီး ပုံဆိုးပန်းဆိုး အိပ်ပျော် တက်တဲ့ ကိစ္စ ကိုတော့ ကျွန်တော်တို့ လူသားတွေ ကြိုတင်တွေးမထားခဲ့တာဖြစ်ပါတယ်...။

Source Once A Glance Page

Photo Credit Once A Glance Page

Photo Credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။