မလိမ်မာ တစ်ခါမှားခဲ့ကြတဲ့ ညီမငယ်လေးများအတွက် နားခိုစရာလေး တစ်နေရာ



စိတ်တူကိုယ်တူ မှားခဲ့ကြပြီး မိန်းကလေး ကိုယ်ဝန်ရလာတဲ့အခါ တာဝန်ယူမှုမရှိတဲ့ ယောကျ်ားလေးဟာ တိမ်းရှောင်တတ်ကြပါတယ်။


ဒီလိုအချိန်မျိုးမှာ မိန်းကလေးတွေဟာ မိဘလည်း မပြောရဲ ကြံရာမရဖြစ်ပြီး ကိုယ်​့ကိုယ်​ကို သေကြောင်းကြံစည်တာ၊ မွေးကင်းစ ကလေးငယ် စွန့်ပစ်တာတွေဟာ များလာပါတယ်။


ဒီလိုဖြစ်ရပ်များကို လျှော့ချနိုင်ဖို့ ပရဟိတစိတ်အပြည့်နဲ့ ကူညီပေးတာကတော့ ကိုစိုးထိုက်(ဖဒို) ပါ




ဗိုက်စထွက်လာတဲ့အချိန်ကနေစပြီး အဲဒီအိမ်လေးမှာ နားခိုနိုင်ရုံမက ကလေးမွေးပြီးလို့ ခေါ်ဖို့အဆင်မပြေသေးရင်လည်း ကလေးကို စောင့်ရှောက်ထားပေးမှာပါ


ဒါကတော့ ကိုစိုးထိုက်(ဖဒို) ဖေ့ဘုတ်စာမျက်နှာမှာ ရေးထားတဲ့ အကြောင်းအရာများပါ


"မထင်​ထားရ​လောက်​​အောင်​ များလွန်​းတဲ့ ညီမမိုက်​​ လေး​တွေ 

ကျွန်​​တော်​နဲ့ ကျွန်​​တော့်​ အမ​ဒေါက်​တာ မြတ်​သန်​့MyatThant ဆီ

အားကိုးတကြီး ​ရောက်​လာကြတယ်​..

ပုံစံမျိုးစုံ အသက်​မျိုးစုံ လူမျိုးစုံ ဘာသာစုံ ပြည်​နယ်​အစုံက

ဒီ ညီမ​လေး​တွေမှာ တူညီတဲ့အချက်​က​တော့ 

(မရို​သေ့စကား) လင်​​ကောင်​မ​ပေါ်ဘဲ ဗိုက်​ကြီး​နေကြရှာတာပါ.."


"ကိုယ်​၀န်​ရှိပြီဆိုထဲက အ​ကြောင်​းအမျိုးမျိုးပြပြီး 

ထွက်​​ပြေးသွားတဲ့ ​​လူယုတ်​မာ​တွေ​ကြောင်​့

ပတ်​၀န်​းကျင်​မှာ မျက်​နှာလည်​း မပြရဲ..

မိဘကိုလည်​း အသိမ​ပေးရဲ..

တစ်​ချို့ မိဘကိုယ်​တိုင်​က ဖျက်​ချခိုင်​းတာ​တောင်​

မိခင်​​မေတ္တာနဲ့ မဖျက်​ချရက်​ဘဲ ကျွန်​​တော်​့ဆီကို ဆက်​သွယ်​ပြီး

တိတ်​တိတ်​ပုန်​း က​လေး​မွေးဖို့ ​ရောက်​လာကြတယ်​.."


"ဒီလိုလုပ်​တာဟာ အ​ဖြေတစ်​ခုမဟုတ်​​ပေမဲ့ 

ကိုယ်​၀န်​ဖျက်​ချတာ​တွေ

​မွေးကင်​းစ က​လေး​တွေကို အမှိုက်​ပုံ​တွေထဲ စွန်​့ပစ်​တာ​တွေ

​နောက်​ဆုံး ကြံရာမရလို့ ကိုယ်​့ကိုယ်​ကို သတ်​​သေသွားတာ​တွေ ကို

တားဆီးနိုင်​ဖို့အတွက်​ Single Mother ​လေး​တွေရဲ့

​အ​ကောင်​းဆုံးထွက်​​ပေါက်​တစ်​ခုဖြစ်​ပါတယ်"


"ဒီလိုမျိုး ပရဟိတအလုပ်​ဟာ နိုင်​ငံခြားမှာ​တော့ မထူးဆန်​း​ပေမဲ့

မြန်​မာနိုင်​ငံမှာ​တော့ ကျွန်​​တော်​တို့ကို အမြင်​တစ်​မျိုးနဲ့

အကြည်​့ခံရပါတယ်​..

​မြှောက်​​ပေး​နေတာလားလို့လည်​း အ​မေးခံရတယ်​..

(​တော်​ယုံလူကလည်​း မလှူချင်​ပါဘူး..)"


"အပျို​လေး​တွေဟာ ဘယ်​သူမှ ဗိုက်​မကြီးချင်​ပါဘူး..

မှားကြတာချင်​းအတူတူ ​ယောကျ်​ား​တွေက ထွက်​​ပြေးသွားတဲ့အခါ

ကယ်​ရာမဲ့တဲ့ ဗိုက်​ကြီးသည်​​လေး​တွေရဲ့​နေရာမှာ 

ငါ့သမီး ငါ့ညီမဖြစ်​ခဲ့ရင်​ဆိုတဲ့ ကိုယ်​ခ​ျင်​းစာတရားနဲ့ 

ကျွန်​​တော်​ဒီ ပရဟိတအလုပ်​ကို လုပ်​​နေတာပါ.."


တကယ်မွန်မြတ်တဲ့ စိတ်ထားရှိသူတစ်ယောက်ပါ။

တစ်ခြားယောကျ်ားတစ်ယောက် တာဝန်ယူမှု မရှိတဲ့ ကိစ္စကို နှမချင်းကိုယ်ချင်းစာပြီး ကူညီပေးတာပါ...


ရောက်လာကြတဲ့ညီမလေးတွေ များတာကြောင့် ကိုယ်ပိုင်ပိုက်ဆံနဲ့ ငွေကြေးလုံလောက်မှုမရှိတော့တဲ့အတွက် အလှူငွေထည့်ဝင်နိုင်ကြောင်းလဲ ပြောထားပါသေးတယ်

 

ဒါကတော့ အလှူငွေထည့်ဝင်ချင်သူများအတွက် ကိုစိုးထိုက်(ဖဒို)ရဲ့ ဘဏ်အကောင့်များပါ...


ကျွန်​​တော်​့ ဘဏ်​အ​ကောင်​့များ..


U Soe Htike

KBZ...147 301 018 002 587 01 (​ညောင်​​လေးပင်​)

AYA....01 87 22 30 10 00 14 87 (​ညောင်​​လေးပင်​)

CB......01 12 60 01 00 00 00 27 (​ညောင်​​လေးပင်​)

ဦးစိုးထိုက်‌ဖုန်‌းနံပါတ်‌-

09976867917


Source-Ko Soe Htike Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။