Quincy Crew Dota 2 Team ကတော့ ဖွဲ့စည်းထားတာ တစ်လဝန်းကျင်သာရှိသေးပေမယ့် လူစာရင်းအပြောင်းအလဲတွေကတော့ ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

အသင်းရဲ့ carry ကစားသမားဖြစ်သူ Sumail ဟာဆိုရင်လည်း MDL Chengdu Major qualifier နဲ့ Dota summit 11 qualifier ကိုကစားအပြီးမှာပဲ အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဒါ့ကြောင့် Quincy Crew အသင်းဟာ Quinn , Yawar , Mss ,Svg တို့လေးယောက်သာ ကျန်ရှိခဲ့ပါတော့တယ်။

လက်ရှိအချိန်မှာဆိုရင်တော့ Qincy Crew ဟာ သူတို့ဟာ ထွက်ခွာသွားတဲ့ Sumail ရဲ့နေရာမှာ အစားထိုးဖို့အတွက် Team Singularity က Offlane ကစားသမားဖြစ်သူ SabeRLight ကို stand in အနေနဲ့ ခေါ်ယူခဲ့ပါတယ်။

အခုခေါ်ယူခဲ့တဲ့ player အသစ်က ofllane ကစားသမားဆိုတော့ Yawar အနေနဲ့ သူ့ရဲ့ offlane role ကို စွန့်ပြီး carry ပြန်ကစားသွားမယ်လို့ ထင်ပါတယ်။

လက်ရှိ ှQuincy Crew ရဲ့ roster အပြည့်အစုံကတော့

Po 1 – Yawar

Po 2 – Quinn

Po 3 – SabeRLight

Po 4 – MSS

Po 5 – SVG တို့ပဲဖြစ်ပါတယ်။ 

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။