fy လို့ခေါ်တဲ့ dota 2 player ကတော့ PSG.LGD အတွက် သူအများကြီးပေးဆပ်ထားပေမယ့် coach ဖြစ်သူရဲ့ draft အမှားတွေ confidence အရှိလွန်နေတဲ့ Maybe ရဲ့ မထင်မှတ်တဲ့ အမှားလေးတွေကြောင့်ပဲ Ti Champion အိမ်မက်နဲ့ ဝေးကွာနေရသူပဲဖြစ်ပါတယ်။

Ti 8 တုန်းကလည်း fy ဟာ ES , Phoenix , Rubick လို hero တွေနဲ့ အသင်းကိုတော်တော်လေး sup ပေးနိုင်ခဲ့ပြီး Ti 8 ရဲ့ grand Final ထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Grand Final မှာတော့ ပွဲပန်းနေတာရော OG အသင်းရဲ့ epic comeback တွေကို မခံနိုင်တော့ဘဲ 2 း 3 ဆိုတဲ့ ရလာဒ်နဲ့ အရှုံးပေးခဲ့ရပြီး Ti champion အိမ်မက်နဲ့ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။

Ti 9 ရောက်လာပြန်တော့လည်း fy ဟာ သူ့ရဲ့ နဂိုရှိရင်းစွဲ performance တွေအတိုင်း လက်စွမ်းပြနိုင်ခဲ့ပေမယ့် draft အနိမ့်အနေအထားနဲ့ enemy Team ကို ယှဉ်မကစားနိုင်ဘဲ အရုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ဆုံး Semi Final မှာ Liquid ကို 1 း 2 ဆိုတဲ့ရလာဒ်နဲ့ အရှုံးပေးခဲ့ရပြီး Ti 9 မှာ third place နဲ့သာကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။

Ti 9 မှာ fy အနေနဲ့ ဘယ်လောက်ထိ ကြိုးစားထားသလဲဆိုတာကိုတော့ fy ရဲ့ interview ဗီဒီယိုလေးကို ကြည့်ဖူးသူတိုင်း သိကြပါတယ်။

ပြိုင်ပွဲကာလအတွင်းမှာ တရက်ကို သုံးနာရီလောက်ပဲအိပ်ပြီး အနိုင်ရရှိဖို့အတွက် နည်းလမ်းတွေကို အကောင်းဆုံးကြိုးစား ရှာဖွေဖန်တီးခဲ့ပေမယ့် PSG.LGD ဆိုတဲ့သူ့ရဲ့ အသင်းနဲ့အတူပဲ သူအရမ်းလိုချင်တဲ့ Ti Champion ဆုကို မရရှိနိုင်သေးပါဘူး။

ဘယ်လိုရလာဒ်တွေပဲရရှိနေပါစေ အသင်းပေါ် အရမ်းချစ်တဲ့ fy ကတော့ လက်ရှိအချိန်မှာ မျက်စိခွဲစိတ်ဖို့အတွက် သုံးလလောက် PSG.LGD ကနေ အနားယူသွားတော့မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လတ်တလော PSG.LGD ယှဉ်ပြိုင်မယ့် major နဲ့ Minor ပွဲစဉ်တွေမှာ fy ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

PSG.LGD အသင်းအနေနဲ့လည်း fy နေရာမှာ ဘယ်သူ့ကိုအစားထိုးသွားမယ်ဆိုတာ အခုထိကြေညာချင်းမရှိသေးပါဘူး။ 

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။