ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး မယ်လိုဒီဟာ ဗီဒီယိုဇာတ်ကားများစွာလည်းရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများလည်းရိုက်ကူးခဲ့သူပါ။သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ဘိုဆန်ဆန်မျက်နှာလေးနဲ့ ဖြူဖွေးနူးညံ့တဲ့အသားအရည်လေးကြောင့်လည်း မိန်းကလေးတိုင်းရဲ့အားကျနှစ်သက်ခြင်းကိုရရှိထားတာပါ။ အခုဆိုရင် မယ်လိုဒီဟာ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သားလေးသဒ္ဓိစစ် လေးဟာလည်းပရိသတ်တွေရဲ့အသည်းကျော်လေးတစ်ယောက်ပါ။ 

Photo Credit - Melody Myo's Facebook
Photo Credit - Melody Myo's Facebook

အခုလက်ရှိမှာတော့ မယ်လိုဒီဟာ အနုပညာအလုပ်တွေ အရင်ကလောက်မလုပ်တော့ဘဲ ချစ်စရာကောင်းတဲ့သားလေးသိဒ္ဓိစစ်ကို အချိန်ပေးပြီး ဂရုတစိုက်ပြုစုစောင့်ရှောက်နေတာပါ။ သားလေးကလဲ အမေတူသားလေးလို့ပြောရလောက်အောင်ကို ချောမောပြီး အရမ်းချစ်ဖို့ကောင်းတာပါ။သူမဟာ ပွဲအခမ်းအနားတွေကိုတော့ တစ်ခါတစ်ရံတက်လေ့ရှိပြီး ဖက်ရှင်ကျကျနဲ့ခုချိန်ထိနုပျိုလှပနေဆဲပါ။ သူမကိုတော့ ယနေ့ချိန်ထိပရိသတ်တွေက ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit - Melody Myo's Facebook
Photo Credit - Melody Myo's Facebook

သားသားလေးသဒ္ဓိစစ်ဟာ လိမ္မာရေးခြားရှိပြီးမိဘအပေါ်ကိုလည်းသိတတ်တဲ့ သားလေးတစ်ယောက်ပါ။ မယ်လိုဒီဟာ ဘာသာရေးလည်းအလွန်ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်တဲ့အပြင် သားလေးသဒ္ဓိစစ်ကလည်း အသက်ငယ်ငယ်လေးနဲ့ ဘုရားစာတွေကိုပီပီသသအလွတ်ရွတ်ဖတ်တတ်နေတာပါ။အခုတစ်ခေါက်မှာလည်း သူမရဲ့သားလေးဟာ မေတ္တာသုတ်ကို အလွတ်ရွတ်ဖတ်နေတဲ့ video လေးကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit - Melody Myo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။