ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားချောလေး ရှင်မွေလနဲ့ မင်းသမီးချောလေးခေးဆက်သွင်တို့ကလည်း အပါအဝင်ပါပဲ..။

သရပ်ဆောင်ပီပြင်ပိုင်နိုင်မှုတွေနဲ့ MRTV-4 ရုပ်သံဇာတ်ကားတွေ များစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားကြတဲ့ ရှင်မွေလနဲ့ ခေးဆက်သွင်တို့ကတော့ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြပြီး ယောင်္ကျားလေးပရိသတ် မိန်းကလေးပရိသတ် မရွေး အားလုံးက ချစ်ခင်နေကြသူတွေလည်း ဖြစ်ပါတယ်..။


Photo Credit - Khay Sett Thwin’s Facebook
Photo Credit - Khay Sett Thwin’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော် အနုပညာရှင်မောင်နှမနှစ်ယောက်ကတော့ ဇာတ်ကားတွေနဲ့အတူ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ဆောင်နေပြီး အခုတစ်ခါမှာလည်း အခမ်းအနားပွဲလေးတစ်ခုမှာ နှစ်ယောက်အတူ ပါဝင်ခဲ့ပါသေးတယ်..။

ပခုက္ကူမြို့ ရဲ့အထင်ကရရွှေကူဘုရား မီးထွန်းလှည့်လည်ပွဲမှာ ရှေးခေတ်နန်းတွင်း ရှင်ဘုရင်နဲ့ မိဖုရားတို့ရဲ့ အပြင်အဆင်လေးတွေနဲ့ တိုင်းခန်းလှည့်လည်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံကာ ပါဝင်ဆင်နွဲှခဲ့ကြတာ ဖြစ်ပါတယ်..။


Photo Credit - Khay Sett Thwin’s Facebook
Photo Credit - Khay Sett Thwin’s Facebook

အခုလိုပါဝင်ခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အသည်းကျော်လေး ခေးက ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကြောင့် ပျော်မဆုံးဖြစ်နေပါတယ်နော်..။

“တိုင်းခန်းလှည့်လည်နေသော

ကြီးတော်နှင်းနဲ့ သားဇော်..” ဆိုပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို ခေးခေးက မျှဝေပေးထားတာ ဖြစ်ပါတယ်..။


Photo Credit - Khay Sett Thwin’s Facebook
Photo Credit - Khay Sett Thwin’s Facebook

Photo Credit - Khay Sett Thwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။