ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ တန်ဖိုးအကြီးဆုံးငွေစက္ကူ နှင့် အရွယ်အစားအကြီးဆုံးငွေစက္ကူ အကြောင်းကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြပေးမှာပါ...။ ၁၉၄၈ ခုနှစ်က အင်္ဂလန်ဘဏ်မှ ထုတ်ဝေခဲ့သော ပေါင်တစ်သန်းတန် ငွေစက္ကူသည် တန်ဖိုးအကြီးဆုံး ငွေစက္ကူ ဖြစ်ပါတယ်...။ ထိုစဉ်က ဗြိတိသျှတို့သည် မာရှယ်စီမံကိန်းအရ စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပေါင်တစ်သန်း တန်ငွေစက္ကူကို ယာယီ ကိစ္စတစ်ရပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်...။

photo credit pngtree

ထိုငွေစက္ကူများကို အမေရိကန် အစိုးရ တစ်ခုတည်းသာ သုံးစွဲရန် ထုတ်ဝေခဲ့ပြီး လအနည်းငယ်အတွင်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်...။ ပြည်သူလူထု လက်ထဲသို့ အလွန့် အလွန် အနည်းငယ်မျှသာ ရောက်ရှိခဲ့ကာ ယခုအချိန်တွင် ထိုငွေစက္ကူများသည် နှစ်ရွက်မျှသာ ကျန်ရှိနေပါတယ်...။ ယင်းနှစ်ရွက် အနက် တစ်ရွက်သည် ၂၀၀၈ ခုနှစ်က အမေရိကန် လေလံပွဲတစ်ခုတွင် ဒေါ်လာ ၁၂၀၀၀၀ ဖြင့် ရောင်းချခဲ့ပါတယ်...။ ၁၉၉၈ ခုနှစ်တွင် ဖိလိပိုင်နိုင်ငံတွင် လီဂယ်ဆိုဒ် (Legal Size) အရွယ် ငွေစက္ကူကို ထုတ်ဝေခဲ့ရာ ကမ္ဘာ့အရွယ်အစား အကြီး ဆုံး ငွေစက္ကူအဖြစ် စံချိန်တင်ခဲ့ပါတယ်...။ ထိုစက္ကူ၏ ငွေတန်ဖိုးသည် ပီဆို တစ်သိန်းဖြစ်ပါတယ်...။

photo credit pngtree

ဖိလိပိုင်နိုင်ငံ၏ စပိန်တို့ အုပ်စိုးခဲ့မှုအောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ထိုငွေစက္ကူသည် အမှတ်တရပစ္စည်း စုဆောင်း သူများ အတွက်သာ ထုတ်ဝေပေးခြင်းဖြစ်ပါတယ်...။ အရေအတွက် ကန့်သန့်ချက်ဖြင့် ထုတ်ဝေခဲ့သောကြောင့် ကမ္ဘာ့ အရွယ် အကြီးဆုံး ငွေ စက္ကူကြီးကို တစ်ရွက်လျှင် ပီဆို ၁၈၀ ၀၀၀ ( ဒေါ်လာ ၃၇၀၀) ဖြင့် ပြင်ပတွင် ဝယ်ယူခဲ့ကြရပါတယ်...။ ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူတိုင်းသည် ငွေစက္ကူများကို နေ့စဉ်ကိုင်တွင် သုံးစွဲနေကြရသဖြင့် နိုင်ငံတိုင်းတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနများထူထောင်ကာ ငွေကြေးစီမံခန့်ခွဲမှုများကို လုပ်ဆောင်ကြရပါတယ်...။ ငွေကြေးဖောင်းပွမှု ၊ ငွေတန်ဖိုးကျမှု၊ ငွေကြေး အတု စသည်ဖြင့် ငွေကြေးဆိုင်ရာ ပြဿနာများကိုလည်း လူတိုင်းလိုလိုရင်ဆိုင်နေကြရပါတယ်...။ သို့တိုင်အောင် ငွေကြေးနှင့် ပတ်သက် သည့် စိတ်ဝင်စားဖွယ်များသည် ဆက်လက် ဖြစ်ပေါ်နေဦးမည်သာ ဖြစ်ပါတယ်...။

source မောင်သာရှေးဟောင်းသုတေသန

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။