ဒီတစ်ပါတ်မှာတော့ ပရိသတ်ကြီးကို "Great Zimbabawe Walls" (ဇင်ဘာဘွေမဟာတံတိုင်း) အကြောင်းကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြပေးမှာပါ...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာ့အနှံ့က ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို update အမြဲဖြစ်နေရအောင် Like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။ ထိုဇင်ဘာဘွေ မဟာတံတိုင်းကြီးကတော့ "UNESCO World Heritage Site" ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ထားတာဖြစ်ပါတယ်...။

photo credit pngtree

ဇင်ဘာဘွေနိုင်ငံ၏ ကျယ်ဝန်းသော နယ်မြေ ဧရိယာတစ်ခုအတွင်း ပြန့်ကြဲနေသည့် ကျောက်တုံးအပိုင်းအစများ ရှုပ်ထွေးစွာ ရှိနေသည့် နေရာကို မဟာ ဇင်ဘာဘွေ ဒေသဟု ခေါ်ကြပါတယ်...။ မဟာ ဟု ခေါ်ကြခြင်းမှာ ကျောက်တုံး အပိုင်း အစများရှိနေသည့် ဇင်ဘာဘွေနိုင်ငံမှ အခြားနေရာများနှင့် ကွဲပြားစေရန်ဖြစ်ပါတယ်...။ ဇင်ဘာဘွေ မဟာ တံတိုင်းကို ဇင်ဘာဘွေ တိုင်းရင်းသားအုပ်စု တစ်ခုဖြစ်သည့် ဘန်တူ မျိုးနွယ်စုများက ၁၁ ရာစု တွင် တည်ဆောက်ခဲ့ကြပါတယ်...။

photo credit pngtree

နှစ်ပေါင်း ၃၀၀ ကျော်သည် အထိ ဆက်လက်တည်ဆောက်ခဲ့ကြရာ ထိုအချိန်တွင် ဂရိတ် ဇင်ဘာဘွေ ဒေသ၏ လူဦးရေသည် အများဆုံးရှိခဲ့ချိန်၌ ၁၈ ၀၀၀ မျှသာဖြစ်ပါတယ်...။ နယ်မြေကို ပိုင်းခြားကာရံထား သည့် ခံ့ညား ကြီးမားသော ထို မြို့ရိုး တံတိုင်းသည် ၂၅၀ ကီလိုမီတာ( ပေ ၈၂၀ ) ရှည်လျား၍ ၁၁ မီတာ( ၃၆ ပေ) မြင့်ပါတယ်...။ ဆာဟာရ သဲကန္တာရ နယ်မြေတောင်ပိုင်းတွင် အကြီးမားဆုံးသော ရှေးဟောင်း အဆောက်အဦ တစ်ခုအဖြစ် အခုအချိန်ထိတိုင် ရပ်တည်လျက်ရှိနေပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။