ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်အဖြစ် ဟိုးအရင်တုန်းက ဇာတ်ကားတွေ သီချင်းတွေနဲ့ကြော်ငြာတွေမှာ တွေ့မြင်ခဲ့ရတဲ့ စမိုင်းလ်ဟာဆိုရင် အနုပညာမျိုးရိုးရှိတာကြောင့် အဖွားဖြစ်သူဒေါ်ခင်လေးဆွေရဲ့ အနုပညာအမွေကို ဆက်ခံထားတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့အလှအပတွေက တစ်ခေတ်မှာလည်း ဘိုဆန်ဆန်လှပလို့ ပရိသတ်တွေကချီးကျူးကြပါတယ်နော်။

Photo Credit:Smile 's Facebook Page
Photo Credit:Smile 's Facebook Page

အခုချိန်မှာဆိုရင်လည်း သမီးနှစ်ယောက်အမေလို့ထင်ရက်စရာမရှိဘဲ ခေါင်းအစခြေအဆုံးအရမ်းလှပလို့ မိန်းကလေးချင်းတောင် အားကျရပါတယ်နော်။စမိုင်းလ်က ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ချစ်ခင်ပွန်းကလည်း စိတ်ချမ်းသာအောင်ထားပေးလို့ စိတ်ပျိုကိုယ်နုဆိုသလို ပိုပိုလှလာနေတာဖြစ်ပါတယ်။

Photo Credit:Smile 's Facebook Page
Photo Credit:Smile 's Facebook Page

အခုဆိုရင်တော့ စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့လက်မှတ်ရေးထိုးပွဲလေးကို တက်ရောက်လာခဲ့ပါတယ်နော်။ချစ်စနိုးဦးတို့ဇနီးမောင်နှံကတော့ မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးနဲ့ အရမ်းလှနေပြီး နှစ်ယောက်တစ်ဘ၀လေးကိုလျှောက်လှမ်းတော့မှာဖြစ်လို့ စမိုင်းလ်တို့ဇနီးမောင်နှံနဲ့ချစ်စနိုးဦးတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Smile 's Facebook Page
Photo Credit:Smile 's Facebook Page

Photo Credit:Smile 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။