ဟန်ဆောင်မှုကင်းပြီး ပရိသတ်တွေအပေါ်မှာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ အနုပညာရှင်တွေထဲမှာတော့ ဖွေးဖွေးက ထိပ်ဆုံးကနေ အပါအဝင် ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဖွေးဖွေးကိုတော့ အားလုံးက ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဖွေးစိန်လေးက သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်ပြီး အကယ်ဒမီ(၃) ဆုတိတိ ရယူပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Phway Phway's Fb

ဒီနေ့မှာတော့ ဖွေးစိန်လေးက "အမေ့မွေးနေ့ ၁၁ရက်နေ့က အလုပ်ရှိနေလို့ ဒီနေ့ အလုပ်လေးနားတဲ့နေ့ အိမ်မှာ Daddy's kitchen က အဖေ့လက်ရာ ဘာဟင်းတွေချက်ကျွေးနေလဲဆိုတာ ပြချင်လို့ ခဏနေ... Live မယ် " ဆိုပြီး သူမရဲ့"Phway's Cheat Days" ဆိုတဲ့ Page လေးကနေ Live လွှင့်ခဲ့ပါတယ်။ ဖွေးစိန်လေးက မေမေမွေးနေ့မှာဝိုင်းကူရင်း ကြက်ဆီထမင်းနဲ့ ထောပတ်ထမင်းတွေကိုလည်း အားရပါးရစားပြခဲ့ပါသေးတယ်။

Photo Credit-Phway Phway's Fb
Photo Credit-Phway Phway's Fb
Photo Credit-Phway Phway's Fb

ကြက်ပေါင်ကြီးကိုကိုင်ပြီး အပီအပြင်ဆွဲနေတဲ့ ဖွေးစိန်လေးရဲ့အမူအရာလေးကတော့ တကယ့်ကိုအသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ဖွေးစိန်လေးတစ်ယောက် ဖေဖေ့လက်ရာဟင်းတွေစားရင်း မိသားစုဆွေမျိုးတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်မေမေရဲ့မွေးနေ့မှာ ဝိုင်းကူပေးရင်း အရသာရှိတဲ့အစားအသောက်တွေ စားပြခဲ့တဲ့ ဖွေးစိန်လေးရဲ့ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit-Phway's Cheat Days Fb Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။