အသက်ငယ်ငယ်လေးနဲ့အနုပညာလောကမှာ အောင်မြင်မှုရရှိထားပြီးလူငယ်ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့အချစ်သီချင်းလေးတွေကိုသီဆိုထားသူကတော့ သရုပ်ဆောင်အဆိုတော် အုပ်စိုးခန့် ပဲဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာ အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် အောင်မြင်အောင်ကြိုးစားနေတဲ့ အဆိုတော်လူငယ်တစ်ယောက်ပါ။အုပ်စိုးခန့်ဟာကျောင်းတက်နေစဉ်ကတည်းကသူဝါသနာပါတဲ့ အဆိုတော်အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့သူဖြစ်ပြီးခုလက်ရှိမှာလည်းအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ 

Photo Credit- Oak Soe Khant's Facebook
Photo Credit- Oak Soe Khant's Facebook

အုပ်စိုးခန့်ဟာ အချစ်သီချင်းလေးတွေကိုသီဆိုတတ်သူဖြစ်ပြီး အခုဆိုရင်သူဟာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်လာတာပါ။အုပ်စိုးခန့်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကကျင်းပခဲ့တဲ့ Shwe FM (၁၀) နှစ်ပြည့် ပွဲမှာ မျက်နှာသစ် အနုပညာရှင်ဆုကို ရရှိခဲ့တာပါ။ အုပ်စိုးခန့်ဟာ အခုလက်တလောမှာလည်းအနုပညာ လှုပ်ရှားမှုတွေဆက်တိုက်လုပ်ကိုင်လျှက်ရှိပြီး " အိမ်မက်တွေမိုးထားတဲ့အိမ် " ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင်နေခြည်ဦးနဲ့အတူ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

Photo Credit- Oak Soe Khant's Facebook
Photo Credit- Oak Soe Khant's Facebook

အုပ်စိုးခန့်တို့ မောင်နှမနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြပြီး အမြဲတမ်းစနောက်နေတဲ့ ချစ်စရာကောင်းတဲ့မောင်နှမတွေဖြစ်ပြီး သူတို့နှစ်ယောက်လုံးကိုလည်းပရိသတ်တွေကချစ်ခင်ကြတာပါ။ အခုလက်ရှိမှာလည်း အုပ်စိုးခန့်ဟာ ချစ်ရတဲ့အမအတွက် တန်ဖိုးကြီး LV အိတ်လေးမွေးနေ့အကြို လက်ဆောင်ပေးတဲ့ video လေးကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit- Oak Soe Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။