မင်းသမီးချောလေး ဖြူဖြူထွေးကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေနဲ့ နာမည်ရအောင်မြင်နေသူလေး ဖြစ်ပါတယ်။ အကနဲ့ဟာသဗီဒီယိုလေးတွေအပြင် ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးတင်ဆက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက လူချစ်လူခင်ပေါများသူလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဖြူဖြူထွေးက ကြော်ငြာလေးတွေ အဆက်မပြတ် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Nay Sann's FB

လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာတော့ ဖြူဖြူထွေးနဲ့ နေဆန်းရဲ့ ဟာသဗီဒီယိုလေးတွေက အတော်လေးရေပန်းစားနေတာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပျော်ရွှင်စရာတွေဖန်တီးပေးလေ့ရှိတဲ့ နေဆန်းနဲ့ ဖြူဖြူထွေးတို့က နှစ်ယောက်ပေါင်းပြီး အခွီဗီဒီယိုလေးတွေ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က သမီးလေးကိကိရဲ့အသံလေးကိုနောက်ခံထားပြီး အပီအပြင် သရုပ်ဆောင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Nay Sann's FB
Photo Credit-Nay Sann's FB
Photo Credit-Nay Sann's FB

ဖြူဖြူထွေးနဲ့ နေဆန်းတို့က အိုက်တင်အမူအရာအပြည့်နဲ့ သရုပ်ဆောင်ပြထားပြီး နှစ်ယောက်သားအတူတူ Tik Tok ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပရိသတ်တွေကလည်း သဘောကျနှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Facebook Cele တွေဖြစ်တဲ့ ဖြူဖြူထွေးနဲ့ နေဆန်းရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nay Sann's FB & Phyu Phyu Htwe's FB

Video Credi- Nay Sann's Tik Tok

Photo Credit-Nay Sann's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။