ပရိသတ်ကြီးရေ ပဟေဠိများစွာနဲ့ ကမ္ဘာကျော်လူသိများကြတဲ့ အတ္တလန်တစ်မြို့တော်ကြီးကို ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်...။ ထိုအတ္တလန်တစ်မြို့တော်ကြီးကတော့ ဘာမြူဒါတြိဂံ ရေမျက်နှာပြင်အောက်မှာနစ်မြုပ်နေပြီး နှုကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်....။ ထိုအတ္တလန်တစ်ရေအောက် မြို့တော်ကြီးနဲ့ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ ထွက်ရှိခဲ့သလို၊ သိပ္ပံပညာနဲ့ မမှီနိုင်တဲ့ သဘာဝလွန် အချက်တွေလည်း များစွာ ရှိနေပါသေးတယ်...။ အတ္တလန်တစ်မြို့တော်ကြီး နစ်မြုပ်နေတာနဲ့ပတ်သက်ပြီး ပလေတိုရဲ့အဆိုနှင့် သိပ္ပံပညာရှင်တွေရဲ့ အဆိုကွဲပြားပုံကို ဆက်လက်တင်ဆက်ပေးသွားမှာပါ....။

Photo Credit pngtree

ပလေတိုရဲ့ အဆို ပလေတိုခေတ်မတိုင်မှီ နှစ်ပေါင်း 9000 လောက်မှာ အတ္တလန်တစ် မြို့တော်ကြီးမှာ ရှိတဲ့ လူတွေက အကျင့်ပျက်မှု လောဘကြီးမှုတို့ ကြောင့် ဘုရားသခင် က သူတို့ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့အောင် အတ္တလန်တစ် မြို့တော်ကြီးကို မြေငလျင်ကြီးတွေဖြင့် လှုပ်ခါစေပြီးကြီးမားတဲ့ လှိုင်လုံးကြီတွေဖန်ဆင်းပြီး မြို့တော်ကြီးကို နှစ်မြုပ် ပြစ်ခဲ့တယ်လို့ဆိုပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ အတွေးအခေါ်ပညာရှင်ကြီးဖြစ်တဲ့ ပလေတိုရဲ့အဆိုကတော့ နတ်ဘုရားတွေနဲ့ ပတ်သက်နေပြီး တစ်ကယ့်ကိုထူးဆန်းလှပါတယ်...။

Photo Credit pngtree

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့....ရေခဲခေတ် နောက်ဆုံး အချိန် မှာ အတ္တလန်တိတ် ဒေသမှ ရေခဲတွေ အရည်ပျော်ကျခဲ့ပြီး အတ္တလန်တစ်မြို့တော်အပါ ကမ္ဘာ့ တစ်ခြားဒေသတွေပါ ရေအောက်ကိုရောက်ရှိ ခဲ့ရတယ်လို့ဆိုပါတယ်...။ မည်သို့ပင်ဆိုစေ ကာမူ ပဟေဠိ ဆန်ဆန် ပျောက်ဆုံးမှုတွေနဲ့ ပြည့်နက်နေတဲ့ ဘာမြူဒါဒေ သနဲ့ ဆက်စပ် လျက်ရှိတဲ့ ကျိမ်စာသင့် မြို့တော်ကြီးက ပင်လယ်ရေအောက် ပေ 800 မှာ နစ်မြုပ်လျက်ရှိနေပါတယ်....။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေပြုခဲ့သော်လည်း ယနေ့ထိတိုင် အတ္တလန်တစ်ရေအောက်မြို့ကြီးရဲ့ သမိုင်းတစ်ခုလုံးနဲ့ တည်နေရာအတိအကျကိုတော့ မည်သူမှ မသိကြသေးပါဘူးနော်....။ ရေအောက်မှာ နစ်မြုပ်နေတဲ့ မြို့တော်က အတ္တလန်တစ်မြို့တစ်ခုတည်း မဟုတ်ပါဘူးနော် အခြားမြို့တွေလည်းရှိသေးတာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦး...။

Source Once A Glance Page

Photo Credit pngtree

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။