ပရိသတ်ကြီးရေသရုပ်ဆောင်မင်းသားချောလေးသူရိယကတော့ ဟိုးအရင်ကလေးဘဝတည်းက စိန်ဘယက်ဆေးကြော်ငြာတွေမှာ အမြဲပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး စိန်ဘယက်ဆေးတိုက်ပိုင်ရှင်ရဲ့သားတစ်ယောက်လည်းဖြစ်ပါတယ်။ သူရိယဟာ အနုပညာလောကကို ကလေးဘဝတည်းကစတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ယခုအချိန်ထိလည်းအောင်မြင်နေတဲ့ သရုပ်ဆောင်မင်းသားတစ်လက်ပါ။သူရိယဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို့ပြောရလောက်အောင်ကို ရုပ်ရည်လေးကလည်းတည်ကြည်ခန့်ငြားပြီး စိတ်သဘောထားအလွန်ကောင်းတဲ့ သူတစ်ယောက်ပါ။ 

Photo Credit - Thu Riya's Facebook
Photo Credit - Thu Riya's Facebook

သူရိယဟာ သရုပ်ဆောင်ပိုင်းမှာလည်းအရမ်းတော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့အခိုင်အမာအားပေးခြင်းကို ယနေ့ချိန်ထိ ရရှိထားတာပါ။အခုလတ်တစ်လောမှာလည်း သူရိယဟာအနုပညာအလုပ်တွေကိုအဆက်မပြက်လုပ်ကိုင်လျှက်ရှိပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်ထားတာပါ။ သူရိယပါဝင်ရိုက်ကူးထားတဲ့ "အခမ်းနားဆုံးမေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးကလည်း မနက်ဖြန်ဆို ရုံတင်ပြသတော့မှာဖြစ်လို့ သူရဲ့ပရိသတ်တွေကလည်းအားပေးဖို့ စောင့်မျှော်နေကြတာပါ။

Photo Credit - Thu Riya's Facebook
Photo Credit - Thu Riya's Facebook

သူရိယဟာ အလှူအတန်းများကိုလည်းအမြဲမပြက် လုပ်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး လတ်တစ်လော ကကျင်းပခဲ့တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာလည်း ဆေးဝါးများ လှူဒါန်းခဲ့တာပါ။အခုတစ်ခေါက်မှာလည်း သူ့ရဲ့ညီမဖြစ်သူဆိုင်မှာ ဦးရှင်ကြီး ဆွမ်းတင်ရင်းနဲ့ သူရိယက သံဃာတော်များနှင့် အရပ်သူအရပ်သားများကို ဆေးဝါးနှင့်ငွေသားများ ကိုယ်တိုင်အလှူဒါနပြုလုပ်တဲ့video လေးကိုတင်ထားတာဖြစ်ပြီး ပရိသတ်ကြီးလည်း ဝမ်းသာပီတိဖြစ်ရအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Thu Riya's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။