ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူအချစ်တော် အနုပညာရှင်တွေထဲမှာ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းအပြင် ကလေးသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ အမွှာညီအစ်ကိုနှစ်ယောက်ကလည်း အပါအဝင်ပါပဲ..။

အားလုံးရဲ့အသည်းကျော်လေးတွေဖြစ်ကြတဲ့ အချစ်တော်လေးတွေကတော့ ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး လတ်တလောမှာလည်း “ကျွန်တော်အမုန်းဆုံးကျွန်တော်” ဇာတ်လမ်းတွဲမှာလည်း အတူ သရုပ်ဆောင်ရိုက်ကူးနေတာ ဖြစ်ပါတယ်..။


Photo Credit - Nan Sandar Hla Htun’s Facebook
Photo Credit - Nan Sandar Hla Htun’s Facebook

ပရိသတ်အချစ်တော်လေး နန်းကတော့ အခုတစ်ခါမှာလည်း ဇာတ်ကားအတူရိုက်ကူးနေရင်း သူမသရုပ်ဆောင်ရိုက်ကူးထားတဲ့ ရွှေပြည်နန်းကြော်ငြာလေးကို ကလေးတွေက ဆိုပြတာကို သဘောအကျကြီး ကျနေကြပါတယ်နော်..။

ရွှေပြည်နန်းကြော်ငြာလေးဆိုရင်း သဘောကျစွာ ရယ်မောပျော်ရွှင်နေကြတဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးကိုလည်း နန်းက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။


Photo Credit - Nan Sandar Hla Htun’s Facebook
Photo Credit - Nan Sandar Hla Htun’s Facebook

“တတ်တတ်စိန်လေးတွေ ကိုယ်ရိုက်ထားတဲ့ကြော်ငြာလေးကို အဲ့လိုလာဆိုပြတာတဲ့..” ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေရင်း အပျော်လေးတွေ ကူးစက်စေပြန်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းနေကြတဲ့ ဇွန်ဝေယံထူးနဲ့ နန်းနန်းလေးတို့ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Nan Sandar Hla Htun’s Facebook
Photo Credit - Nan Sandar Hla Htun’s Facebook

Photo Credit - Nan Sandar Hla Htun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။