ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။သုသုနဲ့ဏကြီးတို့ အိမ်ထောင်သက်တမ်းက သိပ်မကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်မှုကတော့အပြည့်ပေးထားကြပါတယ်နော်။

Source:Paying Phyo Thu's Facebook Page
Source:Paying Phyo Thu's Facebook Page
Source:Paying Phyo Thu's Facebook Page

သုသုတို့ ဇနီးမောင်နှံက အပြန်အလှန်ဖေးမကူညီခြင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြပြီး အရမ်းချစ်ကြတဲ့အပြင် သုသုနဲ့ဏကြီးက ၉နှစ်လောက်ကွာပါတယ်နော်။သုသုကလည်းတစ်ခါတစ်လေ ကလေးဆိုးလေးလို ချွဲနွဲ့တတ်ပြီး ဏကြီးကလည်း ချစ်ဇနီးလေးကို မျက်နှာတစ်ချက်မညှိုးအောင်ထားပေးတာဖြစ်ပါတယ်။အခုတစ်ခါမှာလည်း ဇနီးမောင်နှံနှစ်ယောက် ရုပ်ရှင်သွားကြည့်ကြတဲ့ အကြောင်းလေးကို အောက်ပါအတိုင်းပြောပြထားပါတယ်နော်။

Photo Credit:RBV Source:Paying Phyo Thu's Facebook Page
Photo Credit:RBV Source:Paying Phyo Thu's Facebook Page

"မင်းသားလူပျိုကြီးရယ် ပရိုဂျူဆာလူပျိုကြီးရယ် ဇာတ်ညွှန်းဆရာလူပျိုကြီးရယ် ဒါရိုက်တာအပျိုမလေးရယ် မင်းသမီးအပျိုမလေးရယ်ပေါင်းပြီး အကြီးအကျယ် 'Ro' ထားကြတဲ့ ရုပ်ရှင်ဆိုတော့ ဒေါ်သုလည်းတစ်ယောက်တည်းသွားရင်မဖြစ်ချေဘူးဆိုပြီး "ဦးရေခဲ"ကိုအမိအရဆွဲခေါ်သွားလိုက်ရတယ် "အခမ်းနားဆုံးမေတ္တာ" ထဲက "လိပ်ပြာ"ရဲ့"ဦးနိုင်"ကို "ဝတုတ်လူဆိုး"ရဲ့ "ဦးဏ"ကိုခေါ်ပြီးသွားကြည့်ပစ်လိုက်တယ်"ဆိုပြီး စုံတွဲ‌ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:RBV Source:Paying Phyo Thu's Facebook Page
Photo Credit:RBV Source:Paying Phyo Thu's Facebook Page
Photo Credit:RBV Source:Paying Phyo Thu's Facebook Page

Photo Credit:RBV

Source:Paying Phyo Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။