နိုင်ငံတစ်ကာအနုပညာပြပွဲမှာ အကောင်းဆုံးပန်းချီပညာရှင်ချန်ပီယံဆု

မြန်မာ့ပန်းချီပညာရှင် ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင်က ဆွတ်ခူး

တရုတ်နိုင်ငံ၊ တိုင်ပေ(ထိုင်ဝွမ်)တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိ ရခိုင်တိုင်းရင်းသား ပန်းချီဇွဲရန်နိုင် Zwe Yan Naing က ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီအနုပြပွဲကို ထိုင်ဝမ် နိုင်ငံတကာ ခေတ်ပြိုင် ပန်းချီပညာရှင်အဖွဲ့က အာရှထိပ်တန်းအနုပညာပြပွဲ တစ်ခုဖြစ်တဲ့ တိုင်ပေအနုပညာလှူပ်ရှားမှု အဖွဲ့အစည်းနဲ့အတူ ပူးပေါင်းစီစဉ်ကျင်းပတာဖြစ်ပြီး နိုင်ငံတကာက ကျော်ကြားတဲ့ အနုပညာလက်ရာရှင်ပေါင်း ၃၆၀ ကျော် ပါဝင်ပြီး ယှဉ်ပြိုင်မှုမြင့်မားလှတဲ့ အဆိုပါအနုပညာပြိုင်ပွဲမှာ ပန်းချီဇွဲရန်နိုင်က နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး ပန်းချီပညာရှင် ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Credit - dtv news - ရုပ်သံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။