MRTV - 4 ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့် အနုပညာလောကသို့ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်းပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားတဲ့ နေခြည်ရွှန်းလဲ့ဟာ ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားသူပါ။ သူမဟာ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းပြီး မိန်းကလေးပရိသတ်ရော ယောင်္ကျားလေးပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

Photo Credit- Nay Chi Shoon Lak's Facebook
Photo Credit- Nay Chi Shoon Lak's Facebook

အနုပညာလောကထဲသို့ဝင်ရောက်လာတာမကြာသေးသော်လည်း သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်လက်ခံအားပေးခြင်းကို အပြည့်အ၀ ပိုင်ဆိုင်ထားတာပါ။နေခြည်ရွှန်းလဲ့ဟာ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေ ဝတ်ဆင်တတ်ပြီး ခေတ်ပေါ်ဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်လွန်းသူလေးပါ။ သူမရဲ့မျက်နှာလေးက ဘယ်ချိန်ကြည့်ကြည့်အေးချမ်းနေပြီး စကားပြောတာလေးကလည်း ချစ်ဖို့ကောင်းနေပြန်ပါတယ်။

Photo Credit- Nay Chi Shoon Lak's Facebook
Photo Credit- Nay Chi Shoon Lak's Facebook

ယခုလက်ရှိ နေခြည်ရွှန်းလဲ့ဟာ အနပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်လျှက်ရှိပါတယ်။သူမဟာ tik tok လေးတွေအမြဲဆော့လေ့ရှိသူဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း တင်ပေးလေ့ရှိတာပါ။ အခုတစ်ခေါက်မှာလည်း ရင်ထဲကိုအေးစေပြီး လှပတဲ့အပြုံးလေးတွေနဲ့ နေခြည်ရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo Credit- Nay Chi Shoon Lak's Facebook

Photo Credit- Nay Chi Shoon Lak's Facebook
Photo Credit- Nay Chi Shoon Lak's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။