ပရိသတ်ကြီးရေ.. စွမ်းဇာနည်လို့ ဆိုလိုက်တာနဲ့ ဇာတ်သဘင်လောကမှာ ပရိသတ်တွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထား ဇာတ်မင်းသားချောလေးကို ပရိသတ်တွေမြင်ယောင်မိကြမှာပါနော်..။

စွမ်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဇာတ်မင်းသားလေး စွမ်းဇာနည်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေအားပေးလက်ခံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။


Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook

ပရိသတ်တွေရဲ့ အချစ်တော် စွမ်းကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို လှူဒါန်းကုသိုလ်ယူမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး သီတင်းကျွတ်လေးမှာလည်း ကြည်နူးစွာ ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

သီတင်းကျွတ်လေးမှာ ဇာတ်အဖွဲွှသားတွေကို တစ်ယောက်ချင်းလိုက်ပြီး ဂါဝရပြုကန်တော့ခဲ့ပြီး အငယ်လေးတွေက ပြန်တော့တာကိုလည်း ကြည်နူးပီတိလေးတွေနဲ့အတူ ဆုတောင်းစကားလေးတွေနဲ့ မုန့်ဖိုးပေးနေတာ ဖြစ်ပါတယ်နော်..။


Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook

သက်ကြီးတွေကို ရိုသေသမှုလေးတွေနဲ့ တစ်ယောက်ချင်းကို လိုက်ပြီး အဝတ်အစားနဲ့ ငွေသားတွေနဲ့ ဂါဝရပြုကန်တော့ခဲ့သလို အငယ်လေးတွေကန်တော့တာကိုလည်း တစ်သောင်းတန်အထပ်လိုက်ကိုင်ပြီး မုန့်ဖိုးတွေပေးကာ ကုသိုလ်ယူခဲ့တာပါနော်..။

ချစ်စရာကောင်းတဲ့ စိတ်ထားလေးနဲ့ ကြည်နူးပီတိလေးတွေနဲ့အတူ သီတင်းကျွတ်လေးကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေတဲ့ စွမ်းရဲ့ ပျော်ရွှင်စရာ အမှတ်တရလေးတွေကိုလည်း ချစ်ပရိသတ်တွေကလည်း ကြည်နူးကာ အပျော်လေးတွေကူးစက်ပြီး သာဓုခေါ်ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook
Photo Credit - Swan Zarni’s Facebook

Photo Credit - Swan Zarni’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။