နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး မြင့်မြတ်ရိုက်ကူးတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ အမြဲတမ်းလိုလို ကြည့်ရှုရသူ ပရိသတ်တွေကို တဝှါးဝှါးနဲ့ရယ်မောရစေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲဖြစ်ပါတယ်။

ယခုအခါမှာဆိုရင်လည်း မင်းသားမြင့်မြတ်ရိုက်ကူးထားပြီး ပရိသတ်တွေကြည့်ရှုလိုက်တာနဲ့ ခွက်ထိုးခွက်လန် ရယ်မောရစေမယ့် ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ ပထမဆုံး ဒါရိုက်တာအနေနဲ့ ပွဲထွက်လာတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး နိုင်ငံကျော် ဟာသသရုပ်ဆောင်တွေ များစွာ ပါဝင်သရုပ်ဆောင်ထားကြောင့် ပရိသတ်တွေ ကို ဟာဒယရွှင်ဆေးတွေ ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။

screenshoot of ချိုးရုပ် trailer ဗီဒီယို
screenshoot of ချိုးရုပ် trailer ဗီဒီယို

ဒီရုပ်ရှင်ကားကြီးထဲမှာတော့ မြင့်မြတ်ဟာ ဉာဏ်ရည်နိမ်တဲ့ကောင်လေး ဖိုးရှုပ် နေရာကနေ သရုပ်ဆောင်ထားတာဖြစ်ပြီး မိုးလင်းလာတာနဲ့ သူငယ်ချင်း ဖိုးပိန်နဲ့ တရွာလုံးလျှောက်သွားပြီး ပတ်မွှေပုံတွေကို ပရိသတ်တွေ ပါးစပ်မပိတ်တမ်း ရယ်မောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဖိုးရှုပ်လေးကတော့ သူ့ရဲ့စေတနာအရင်းခံလေးအတိုင်း လူတွေရဲ့အခက်အခဲကို ကူညီဖို့ကြိုးစားပေမယ့် သူကူညီလိုက်ရင် အလွဲလေးတွေ ဖြစ်သွားတာလေးတွေကိုက ကြည့်ရှုရသူတွေကို မရယ်ဘဲနဲ့ကို မနေနိုင်စေလောက်ပါဘူး။

ဖိုးရှပ်လေးရဲ့ စနောက်ပုံလေးတွေ ရိုးသားပွင့်လင်းတဲ့ သူ့ရဲ့စကားပြောပုံလေးတွေနဲ့ ချစ်စရာကောင်းလှသလို ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်လမ်းနဲ့ အံဝင်ဂွင်ကျလှရှိလှတာကြောင့် ဒီ ချိုးရုပ် ရုပ်ရှင်ကားကြီးဟာ ပရိသတ်တွေ သွားရောက်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။

screenshoot of ချိုးရုပ် trailer ဗီဒီယို
screenshoot of ချိုးရုပ် trailer ဗီဒီယို
screenshoot of ချိုးရုပ် trailer ဗီဒီယို

ဒါ့အပြင် ဒီရုပ်ရှင်ကားလေးဟာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရစေရုံသာမကဘဲ ဖိုးရှုပ်လေးနဲ့ ခင်လှိုင်တို့ ကြားကကြီးမားလှတဲ့ ညီအစ်ကိုသံယောဇဉ်ကိုလည်း ပရိသတ်တွေ တညိမ့်ညိမ့်ခံစားရင်း ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲဖြစ်ပါတယ်။

ပရိသတ်တွေကို အပျော်တွေလည်း ပေးရင်း ညီအစ်ကိုနှစ်ယောက်ကြားက ၅၂၈ မေတ္တာတွေကိုပါ ဖော်ကြူးပြသထားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး official Trailer ဗီဒီယိုလည်း တခါတည်းဖော်ပြပေးလိုက်ရပါတယ်။

screenshoot of ချိုးရုပ် trailer ဗီဒီယို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။