ပရိသတ်တွေရဲ့ အချစ်တော်လေး ရွှေကစ်ကတော့ အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ကတည်းက ချစ်စရာကောင်းလွန်းတဲ့ သူမလေးကို ဝတ်မှုံရွှေရည်ဆိုပြီး ပရိသတ်တွေက စတင်သတိထားမိလာကြကာ အသိအမှတ်ပြုလက်ခံလာကြတာဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

ရွှေကစ်လေးက အခုဆိုရင် အသက်၃၁နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်မကရှိနေပါပြီနော်။မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး‌တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပြည်ပနိုင်ငံတွေနဲ့ပါ အလုပ်တွေအတူတူတွဲပြီးလုပ်ကိုင်နေတာကြောင့် ရွှေကစ်ရဲ့ အောင်မြင်မှု‌တွေကတော့ အံ့မခန်းပဲဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

အခုဆိုရင်လည်း ရွှေကစ်က အလုပ်ကိစ္စနဲ့ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ရွှေကစ်ကတော့ တစ်နေ့တစ်ခြားပိုပိုနုပျိုလာပြီး ကလေးဆန်‌ဆန်လေး အပြစ်ကင်းစင်နေပါတယ်နော်။ဖြူစင်တဲ့အလှအပတွေနဲ့ အရမ်းပဲချစ်စရာကောင်းနေပြီး မြင်သူတကာငေးမောရလောက်တဲ့ ရွှေကစ်ရဲ့အလှအပပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Facebook Page
Photo Credit:Wutt Hmone Shwe Yi's Facebook Page

Photo Credit:Wutt Hmone Shwe Yi's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။