ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ပြီဖြစ်လို့ အခုချိန်မှာဆိုရင် ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အနေနဲ့ ရပ်တည်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကို မခိုင်ကြီးလို့ခေါ်ဝေါ်ကြပြီး သူမရဲ့သရုပ်ဆောင်ချက်တွေကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ကြပါတယ်နော်။

Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page

ထွန်းအိန္ဒြာဗိုလ်ကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားကာ သားလေးတစ်ယောက်လည်းရှိပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့ သားလေးကလည်း ယောက်ျားပီသတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး ပညာရေးလည်းတော်သလို အားကစားလည်း ထူးချွန်လို့ ဘက်စုံတော်တဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page

ထွန်းအိန္ဒြာဗိုလ်ကလည်း အားတဲ့အချိန်တွေဆို သားလေးနောက်က တကောက်ကောက်လိုက်ပြီး ဂရုစိုက်ပေးတဲ့မိခင်ကောင်းတစ်ယောက်ပါ။အခုဆိုရင်လည်း ထွန်းအိန္ဒြာဗိုလ်က"သား က သိပ်စိတ်မပါပေမယ့် ခိုင်းတော့လဲ ကြိုးစား လုပ် ရှာတယ်.. အခု အတန်းကြီးတော့ စာတွေ များလာလို့ GOLF သိပ် မရိုက်ဖြစ်တော့ပါဘူး... Thank you သား..."ဆိုပြီး သားသားရခဲ့ဖူးတဲ့ဆုတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။

Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page
Photo Credit:Htun Aeindra Bo's Page

Photo Credit:Htun Aeindra Bo's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။