ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

အကယ်ဒမီထူးချွန်ဆုတွေရရှိထားပြီး ပရိသတ်တွေရဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲအားပေးမှုတွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ..။

Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်
Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်

မြင့်မြတ်ကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ချစ်ဇနီးချောလေးရဲ့ အသက်(၃၁)နှစ်ပြည့် မွေးနေ့လေးမှာ ချစ်သားလေးနဲ့အတူ ဇနီးလေးဘေးမှာ နေရင်း ပျော်နေပါတယ်နော်..။

ချစ်ဇနီးချောလေးရဲ့ မေံးနေ့လေးမှာ အနားအတူရှိနေပေးရင်း ချစ်ဇနီးချောလေး ခွံကျွေးတဲ့ ကိတ်လေးကိုလည်း အားပါးတရ စားနေတာမို့ တကယ်ကို ချစ်စရာကောက်းပြီး လိုက်ဖက်တဲ့ စုံတွဲလေးပါနော်..။

ချစ်ဇနီးလေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးကိုလည်း

Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်
Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်

"Happy Birthdayပါ ဆရာမကြီး

ဆရာမကြီး အဖေနဲ့သားလေးကို ဒီထက်မကပိုချစ်နိုင်ပါစေ.." ဆိုပြီး ချစ်ဇနီးချောလေးအတွက် ချစ်စနိုးလေး မွေးနေ့ဆုတောင်းပေးထားတာပါနော်..။

မြင့်မြတ်ကတော့ ချစ်ဇနီးလေး ခွံကျွေးတဲ့ မွေးနေ့ကိတ်လေးကို အားပါးတရစားနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကလည်း သဘောကျနေကြပြီး ပကာသနမဖက်တဲ့ နေထိုင်မှုလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြပါတယ်..။

Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်

Photo Credit - မြင့်မြတ် ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။