မို့မို့မြင့်အောင်ကတော့ တပည့်တွေဖြစ်ကြတဲ့ ကျော်စု လင်မြတ် နေခြည်ရွှန်းလက်တို့လာရောက်ကန်တော့လို့ ဝမ်းသာပီတီဖြစ်နေပါတယ်။ သူမကတော့ " ကဲ ချစ်ခင်လေးစားတန်ဖိုးထားရပါသောပရိသတ်ကြီးနှင့်we love သဲသဲတုံ့ရှင့် ဒီနေ့ မို့ရဲ့သားတပည့်၂ယောက်နှင့်သမီးတပည့်တယောက်လာကန်တော့ကြတယ်သားကြီးကျော်စုသူက ထာဝရမန်းတလေးမှာနေရာတနေရာပါဝင်ခဲ့ပေမဲ့ပရိသတ်အသဲစွဲခဲကြတာ ရဲဂျာနဲ့ပေါ့ အဲ့ဒီကားတွေတုံးကမို့မသင်ရသေးပါဘူး ။

photo credit : Academy Moht Moht Myint Aung 's facebook
photo credit : Academy Moht Moht Myint Aung 's facebook

Toxic၁၈-၁၀-၂၀၁၉နေ့လာမယ်ကားဆုံဖြစ်ပေမဲ့မသင်ဖြစ်သေးဘူး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ လ ကမှ စ သင်တန်းပေးဖြစ်သွားတာပါ။အနုပညာကိုချစ်ရကောင်းမှန်းသူသိသွားတာမို့ အတော်ဝမ်းသာရပါတယ်။၁ လ ပိုင်းဝန်းကျဉ်ထုတ်လွှင့်မဲ့Room No.ဇာတ်လမ်းတွဲကတော့ မို့သင်တန်းပေးပြီးမှရိုက်ကူးတဲ့ကားပါ။သားတော်မောင်ကတော့ သူ သရုပ်ဆောင်တာအားရတာပြောတော့ အမေဖြစ်တဲ့မို့ပီတိဖြစ်ရတာပေါ့။ ပရိသတ်ကြီးလည်းပီတိတွေကူးစက်အောင်Room Noဇတ်လမ်းတွဲကို ခံစားအားပေးပါနော်။လင်မြတ်သူကရိုးသားတယ်။သရုပ်ဆောင်တို့ရဲ့မာယာသူ့မှာမရှိဘူး ထာဝရမန်းတလေး တုံးကချစ်သော် အနေနဲ့ သရုပ်ဆောင်မူ့နေရာတော်တော်ရခဲ့ပြီး ပရိသတ် အသိအမှတ်ပြုခံရခဲ့ပါတယ် သူလည်း Room No.ဇတ်လမ်းတွဲမှာ အခန်းနည်းပေမဲ့သရုပ်ဆောင်ကွက်ကောင်းရလို့ ပျော်နေတော့မို့လည်းပျော်ရတာပေါ့။

photo credit : Academy Moht Moht Myint Aung 's facebook
photo credit : Academy Moht Moht Myint Aung 's facebook

သူမကတော့ "နေခြည်ရွှန်းလက်သူလေးက အသက်သာငယ်တာ ပညာလေးကမပေါ့ဘူး မျက်လုံးမှာ အလွမ်းနုတ်ခမ်းမှာမာန ဇတ်ကားမှာကတည်းကတော်ပါတယ် မို့သင်မပေးရသေးပါဘူး။ဖေဖေါ်ဝါရီသင်တန်းပြီးမှ သူလည်းRoomNo.ဇတ်လမ်းတွဲကိုသူရိုက်ဖြစ်တာပါ။သမီးပေါက်စ လေး ကသူအခန်းနည်းတော့ အားမရဖြစ်ပြီး နောက်ကားတွေဘယ်လိုဖိုက်မယ်ဆိုပြီးမောင်းတင်တော့လည်း မို့ကြည်နူးမူ့တခု ရ ရပြန်ပါတယ်။မို့ရဲ့သားသမီးလေးတွေကိုအနုပညာမျက်လုံးတွေနဲ့ဝေဖန်အားပေးကြပါနော် " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

source: Academy Moht Moht Myint Aung 's facebook 

photo credit : Academy Moht Moht Myint Aung 's facebook
photo credit : Academy Moht Moht Myint Aung 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။